Trending Now

လောင်စာဆီပြတ်လပ်မှုကြောင့်ပိတ်ထားခဲ့ရတဲ့ သီရိလင်္ကာ ကျောင်းတွေ ပြန်ဖွင့်

Spread the love

လောင်စာဆီပြတ်လပ်မှုကြောင့်ပိတ်ထားခဲ့ရတဲ့ သီရိလင်္ကာ ကျောင်းတွေ ပြန်ဖွင့်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

သီရိလင်္ကာအစိုးရပိုင် စာသင်ကျောင်းတွေနဲ့ အစိုးရက ခွင့်ပြုထားတဲ့ ပုဂ္ဂလိကကျောင်းတွေကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် ကျောင်းဖွင့်ရက်ကို စက်တင်ဘာ ၇ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံအတွင်းမှာရှိတဲ့ အစိုးရပိုင်ကျောင်းတွေနဲ့ ပုဂ္ဂလိကပိုင်ကျောင်းတွေဟာ လောင်စာဆီပြတ်လပ်မှုကြောင့် တစ်လနီးပါကြာ ပိတ်ထားခဲ့ရတာပါ။

ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ တစ်ပတ်လျှင် သုံးရက်သာဖွင့်မည်ဖြစ်ပြီး အခြားနှစ်ရက်ကို အွန်လိုင်းကနေ သင်ကြားသွားမှာဖြစ်ပါတယ်။

စာသင်ချိန်ပထမလပတ် သက်တမ်းကုန်ဆုံးချိန်မှာ စာမေးပွဲတွေ ကျင်းပပြုလုပ်သွားမှာမဟုတ်တဲ့အတွက် အခြားအကဲဖြတ်မှုပုံစံတွေ ပြုလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ညွှန်ကြားထားခဲ့ပါတယ်။

သီရိလင်္ကာသမ္မတသစ် ဝက်ခရီမက်ဆင် က အစိုးရပိုင် စက်သုံးဆီအရောင်းဆိုင်တွေ အားလုံးက လောင်စာဆီတွေကို ကျောင်းကားတွေကို ပေးအပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံအတွင်းမှာ စာသင်ကျောင်းတွေကို ကျောင်းသား ပို့ဆောင်ပေးတဲ့ ကားအစီးရေ ၄၀,၀၀၀ နီးပါးခန့်ရှိပါတယ်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။