Trending Now

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေမြင့်တက်လာ

Spread the love

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေမြင့်တက်လာ

EPN

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ကြာသပတေးနေ့က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ရှစ်ဦးရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး နေ့စဉ် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုလအတွင်း သေဆုံးသူ ဦးရေ ၂၈ ဦးအထိရှိလာပြီး ယခုနှစ်အတွင်း သေဆုံးသူ ၈၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာ တိုးမြင့်လာသည်ကို တွေ့ရှိရပြီး ရောဂါဖြစ်ပွားသူ ၇၁၉၀ ရှိပြီး သေဆုံးသူ ၂၈ ဦးရှိကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဩဂုတ်လအတွင်းကလည်း လူပေါင်း ၃၅၂၁ ဦး ကူးစက်ခံရပြီးနောက် စက်တင်ဘာတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉,၉၁၁ ဦးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ DGHS မှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ DGHS ၏ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၃၂၈၂ ဦးနှင့် ပြန်လည်ကောင်းမွန်သူ ၂၀၄၀၅ ဦးရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မုတ်သုံရာသီဖြစ်သည့် ဇွန်လမှ စက်တင်ဘာလများသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ရာသီဖြစ်ပြီး ခြင်မှကူးသောရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသောနိုင်ငံအဖြစ်သတ်မှတ်ထားသည်။

လူဦးရေ သန်း ၁၇၀ ရှိသောနိုင်ငံသည် ကျန်းမာရေးစောင့်ရောက်မှုမလုံလောက်မှုနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ချို့တဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေမြင့်မာစွာရှိသည့် နိုင်ငံဖြစ်သည်။

— ကိုးကား —
ဆင်ဟွာ
ref; Bangladesh sees highest daily spike of 8 dengue deaths
May be an image of 1 person and indoor

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။