Trending Now

အီရန်က ဂြိုလ်တုသယ်ဆောင်နိုင်တဲ့ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

Spread the love

အီရန်က ဂြိုလ်တုသယ်ဆောင်နိုင်တဲ့ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

EPN
နိုင်ငံတကာ၊ ဇွန် ၂၇

ဇူးလ်ယာနလို့ အမည်ပေးထားတဲ့ ဒုံးပျံတစ်စင်းကို ဒုတိယအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ပြောကြားခဲ့ပါတယ်။

အီရန်နျူကလီးယားအစီအစဉ်ဆိုင်ရာ ညှိနှိုင်းတွေ ပြန်လည်စတင်ဖို့ ဥရောပသမဂ္ဂနဲ့ တီဟီရန်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် တစ်ရက်အကြာမှာ အီရန်က ဂြိလ်တုသယ်ဆောင်နိုင်တဲ့ ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဘယ်နေရာက ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

နျူကလီးယားသဘောတူညီချက်နဲ့ပတ်သက်ပြီး အီရန်ဟာ သဲကန္တာရအလယ်က ဒုံးပျံလွှတ်တင်ရေးကွင်းမှာ လှုပ်ရှားမှုများပြုလုပ်နေကြောင်း ပြသထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို ဒုံးပျံ ပစ်ခတ်ခဲ့တာပါ။

စမ်းသပ်ပစ်လွတ်ခဲ့တဲ့ ဒုံးကျည်ဟာ အရှည် ၂၅.၅ မီတာရှိပြီး အလေးချိန် ၅၂ တန်ခန့်ရှိပါတယ်။ အစိုင်အခဲလောင်စာအင်ဂျင်ကို အသုံးပြုထားပြီး တွန်းအား ၇၄ တန်ရှိတယ်လို့ ဆိုပါတယ်။ ဒီဒုံးပျံရဲ့ ပထမဆုံး လွှတ်တင်မှုကို ဖေဖော်ဝါရီ ၂ ရက် ၂၀၂၁ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။
အီရန်က အခုလို အာကာသထဲကို ဒုံးကျည် ပစ်လွှတ်တာဟာ နျူကလီးယား ထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ တီထွင်ဖို့ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။

အီရန်ဘက်ကတော့ ဒုံးပျံ လွှတ်တင်မှုဟာ အနာဂတ်မှာ အီရန်ရဲ့ အာကာသ လုပ်ငန်းကို ပိုမို အားကောင်းလာစေမယ့် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Source – iranintl

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။