Trending Now

တန့်ဆည်မြို့နယ် နဂူးရွာနားက အကြမ်းဖက်စခန်းတစ်ခု လက်နက်ခဲယမ်း ရိက္ခာတွေနဲ့ အတူ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်း

Spread the love

တန့်ဆည်မြို့နယ် နဂူးရွာနားက အကြမ်းဖက်စခန်းတစ်ခု လက်နက်ခဲယမ်း ရိက္ခာတွေနဲ့ အတူ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က သိမ်းဆည်း
EPN
တန့်ဆည်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ နဂူးရွာအနောက်ဘက်နားက အကြမ်းဖက်စခန်းတခုကို အခုလ ၁၇ ရက်၊ မနေ့က နေ့ခင်းပိုင်းမှာ နယ်မြေရှင်းလင်းရေး အဖွဲ့က သိမ်းဆည်းရမိတယ်လို့ တန့်ဆည်မြို့နယ်ခံတွေထံက သိရပါတယ်။
“အသိမ်းခံရတဲ့ အကြမ်းဖက်စခန်းက နဂူးရွာအနောက်ဘက် ၂ မိုင်းလောက်မှာ ရှိတာပါ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲဲ့က အဲ့ဒီ စခန်းကို သိမ်းခဲ့တာ” လို့ နဂူးရွာခံ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူတစ်ယောက်က “အဲ့ဒီ နဂူးစခန်းကနေ ဘောပင်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၄၀ တောင့်၊ လက်လုပ်နင်းမိုင်း ၁၇ လုံး၊ Drone ၂ စီး၊ Laptop ၁လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ကျည်ကာဦးထုပ် ၃ လုံး၊ ဖောက်ခွဲရေးကိရိယာ ၁၅၀ခု၊ သေနတ်နှင့် မိုင်းပြုလုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အရပ်ဝတ် အဝတ်အစားများ၊ ရိက္ခာဆန် များနှင့် လူနေတဲ ၈ လုံး၊ ထမင်းချက်ဆောင် ၁လုံး၊ ရိက္ခာဂိုဒေါင် ၁လုံး၊ မိုင်းပြုလုပ် သည့်တဲ ၁လုံး၊ဆေးပစ္စည်းများ စသည့်ပစ္စည်းအများအပြားအား သိမ်းဆည်းရမိတာ” လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်ဟာ မဟာမြိုင်သစ်တော ဥယျာဥ် ကြိုးဝိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပုန်းခိုတိမ်းရှောင်ရန် ကောင်းတဲ့အတွက် အကြမ်းဖက်သမား အများစုက တန့်ဆည်မြို့နယ်ထဲက တောတောင်တချို့မှာ ပုန်းအောင်းနေထိုင်ကြတာ ဖြစ်နိုင်တယ်လို့ တန့်ဆည်မြို့ခံတွေက မှတ်ချက်ပြု ပြေဆိုနေကြပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။