Trending Now

ဘိုလီဗီးယား ယာယီသမ္မတတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

Spread the love

ဘိုလီဗီးယား ယာယီသမ္မတတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

သူ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ပြီး သီးသန့်ခွဲနေမည်ဟု ဘိုလီဗီးယား ယာယီအစိုးရအဖွဲ့ အကြီးအကဲ ဂျင်နိုင်းအန်းနက်ဇ်က ပြောကြားခဲ့သည်။

“ကျွန်မတို့တစ်ဖွဲ့လုံးနဲ့အတူ ဘိုလီဗီးယားနိုင်ငံသားတွေအတွက် တစ်ချိန်လုံး ဆောင်ရွက်ပေးနေပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း သူတို့ထဲက အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ကျွန်မ ဗိုင်း ရပ်စ်ပိုး ရှိ မရှိ စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့ပါတယ်” ဟု အွန်လိုင်း ရုပ်သံရုပ်သံဖိုင်တစ်ခုအတွင်း အန်းနက်ဇ်က ပြောသည်။

“ကျွန်မ ကျန်းမာရေးကောင်းမွန်ပါတယ်။ ကျွန်မ သီးသန့်ခွဲနေပြီး အဝေးကနေ တာဝန်ဆက်လက်ထမ်း ဆောင်မှာဖြစ်ပါတယ်။” ဟု နောက်တစ်ကြိမ် စစ်ဆေးမှုမပြုလုပ်မီ နှစ်ပတ်ကြာ သီးခြားခွဲနေမည်ဟု ၄င်းက ဆို သည်။

မကြာသေးမီရက်များအတွင်း ယာယီအစိုးရအဖွဲ့ရုံးဝန်ကြီး ယာကိုနူနက်ဇ်၊ ကျန်းမာရေးဝန်ကြီး အက်ဒီ ရိုကာနှင့် သတ္ထုတွင်းဝန်ကြီး ဖာနန်ဒိုအိုရိုပီဇာတို့ အပါအဝင် အစိုးရအဖွဲ့ဝင်သုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ ရှိခဲ့သည်။

ဒုတိယဝန်ကြီးအချို့နှင့် အခြား တာဝန်ရှိသူများလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည်။ ဇူလိုင်လ ၈ ရက် ညပိုင်းအထိ ဘိုလီဗီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၄၂၉၈၄ ဦး၊ သေဆုံးလူနာ ၁၅၇၇ ဦး နှင့် ပိုးကင်းစင်လူနာ ၁၂၈၈၃ ဦး ရှိကြောင်း သိရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; Bolivia’s interim president tests positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။