Trending Now

မုိးညႇင္းၿမိဳ႕နယ္အတြင္း ရဟန္းသံဃာအတုမ်ား ေတြ႕ရိွပါက အေရးယူမည္

Spread the love

မုိးညႇင္းၿမိဳ႕နယ္အတြင္း ရဟန္းအတုမ်ား ေတြ႕ရိွပါက အေရးယူမည္
EPN
မိုးညႇင္း၊ ဧၿပီ ၁၀
မိုးညႇင္းခ႐ိုင္၊ မိုးညႇင္းၿမိဳ႕ ဘူတာႀကီးႏွင့္ ေဈးမ်ား၊ လမ္းႀကိဳလမ္းၾကားတို႔တြင္ လ့ည္လည္၍ သကၤန္းဝတ္႐ံုၿခံဳကာ အေထာက္အထားမဲ့ လွည့္လည္အလွဴခံျခင္း၊ အရက္ေသစာ၊ မူးယစ္ေဆးဝါးသံုးျခင္း၊ သံဃာက်င့္ဝတ္ႏွင့္ မေလ်ာ္ကန္ေအာင္ ျပဳမူေျပာဆိုျခင္း ရိွေသာ ရဟန္း အတုမ်ားကို ေတြ႕ရိွပါက အေရးယူေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။
အဆုိပါ ရဟန္း အတုမ်ားကို ေတြ႕ရိွပါက သာသနာပိုင္မ်ား၏ ဆံုးျဖတ္ခ်က္မ်ား၊ မိုးညႇင္းေဒသခံမ်ား၏ အကူအညီမ်ား၊ သာသနာေရးဝန္ႀကီးဌာန၏ အမိန္႔ လမ္းၫႊန္ခ်က္မ်ားရယူၿပီး သိကၡာခ် လူဝတ္လဲျခင္းျပဴလုပ္ၿပီး အေရးယူေဆာင္ရြက္ျခင္း၊ မူလေနထိုင္ေသာေနရာမွ ရွင္းလင္းဖယ္ရွားျခင္းျပဳလုပ္သြားမည္ဟု ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴး ဦးရဲေအာင္က ဧၿပီ(၉)ရက္ေန႔က ေျပာၾကားခဲ့သည္။
“က်ေနာ္တို႔အေနနဲ႔ကေတာ့ ျပည္သူေတြပူးေပါင္းပါဝင္အသိေပးမူ႕ရိွရင္ သိတာၾကားတာနဲ႔ ခ်က္ျခင္းစစ္ေဆးလို႔ရတာေပါ့။ က်ေနာ္တို႔ဆိုတာထက္ သာသနာေရးဝန္ႀကီးဌာန၏ အမိန္႔ လမ္းၫႊန္ခ်က္မ်ားရယူၿပီး သိကၡာ ခ် လူဝတ္လဲျခင္းျပဴလုပ္ ၿပီး အေရးယူေဆာင္ရြက္ျခင္း၊ မူလေနထိုင္ေသာေနရာမွ ရွင္းလင္းဖယ္ရွားျခင္းျပဳလုပ္သြာမယ္”ဟု ျမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉးက ဦးရဲေအာင္က ေျပာသည္။
အဆိုပါ ရဟန္းက်င့္ဝတ္ႏွင့္ မညီၫြတ္သူမ်ားကိုေတြ႕ရွိပါက ျပည္သူမ်ားမွလည္း ပူးေပါင္းေဆာင္ရြက္ေစခ်င္ေၾကာင္းႏွင့္ မီးရထား၊ ကားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ေပၚတြင္ လည္းေကာင္း၊ အမ်ားသူငွါသြားရာလမ္းျဖစ္ေသာ ေဈးမ်ားတြင္ လွည့္လည္အလွဴခံရာတြင္ သက္ဆိုင္ရာ ေက်ာင္းတိုက္အမည္ႏွင့္ ၿမိဳ႕နယ္ေထာက္ခံခ်က္ တို႔မပါရိွဘဲ လွည့္လည္အလႉခံျခင္း၊ သကၤန္းဝတ္႐ံုၿခံဳ ၍ ရဟန္းက်င့္ဝတ္ႏွင့္မဆီေလ်ာ္ေသာ အရက္ေသစာ ေသာက္စားျခင္း၊ႏွင့္မူးယစ္ေဆးဝါး သံုးစြဲျခင္းတို႔ကို ေတြ႕ရိွပါက သက္ဆိုင္ရာၿမိဳ႕နယ္သံဃာနာယကအဖြဲ႕၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ံုး၊ ရပ္ကြက္႐ံုးႏွင့္ရဲစခန္းအသီးသီးသို႔ သတင္းေပးတိုင္ၾကားႏိူင္ေၾကာင္း သိရသည္။
 “က်ေနာ္တို႔နန္းမားမွာ ဧၿပီ(၄)ရက္ေန႔က မူးယစ္ေဆးသံုးစဲြထားတဲ့ ရဟန္းတစ္ပါး နန္းမားၿမိဳ႕ထဲ လွည္လည္အလွဴခံေနတာ ေတြ႕တဲ့ အတြက္ ရပ္ကြက္႐ံုးမွေခၚယူစစ္ေဆးၿပီး သိကၡာခ် လူဝတ္လဲေစၿပီး သူ႕ေနရပ္ကျပန္လႊတ္ေပးလိုက္ပါတယ္။ ေနာက္ထပ္မလုပ္ေအာင္ အတြက္လည္း ထပ္မံသတိေပးတာေတြ ခံဝန္လက္မွတ္ထိုးခိုင္းတာေတြ လုပ္ၿပီး မိုးညႇင္းၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးထံသို႔ အသိေပး အပ္ႏွံျခင္းျပဳလုပ္ခဲ့ေၾကာင္း နန္းမားၿမိဳ႕မွ ကိုေသာင္းဥာဏ္က ေျပာသည္။
မိုးျမင့္
———————————————-

မိုးညှင်းမြို့နယ်အတွင်း ရဟန်းအတုများ တွေ့ရှိပါက အရေးယူမည်

EPN
မိုးညှင်း၊ ဧပြီ ၁၀

မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘူတာကြီးနှင့် ဈေးများ၊ လမ်းကြိုလမ်းကြားတို့တွင် လ့ည်လည်၍ သင်္ကန်းဝတ်ရုံခြုံကာ အထောက်အထားမဲ့ လှည့်လည်အလှူခံခြင်း၊ အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးခြင်း၊ သံဃာကျင့်ဝတ်နှင့် မလျော်ကန်အောင် ပြုမူပြောဆိုခြင်း ရှိသော ရဟန်း အတုများကို တွေ့ရှိပါက အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟန်း အတုများကို တွေ့ရှိပါက သာသနာပိုင်များ၏ ဆုံးဖြတ်ချက်များ၊ မိုးညှင်းဒေသခံများ၏ အကူအညီများ၊ သာသနာရေးဝန်ကြီးဌာန၏ အမိန့် လမ်းညွှန်ချက်များရယူပြီး သိက္ခာချ လူဝတ်လဲခြင်းပြူလုပ်ပြီး အရေးယူဆောင်ရွက်ခြင်း၊ မူလနေထိုင်သောနေရာမှ ရှင်းလင်းဖယ်ရှားခြင်းပြုလုပ်သွားမည်ဟု မြို့နယ်အုပ်ချူပ်ရေးမှူး ဦးရဲအောင်က ဧပြီ(၉)ရက်နေ့က ပြောကြားခဲ့သည်။

“ကျနော်တို့အနေနဲ့ကတော့ ပြည်သူတွေပူးပေါင်းပါဝင်အသိပေးမူ့ရှိရင် သိတာကြားတာနဲ့ ချက်ခြင်းစစ်ဆေးလို့ရတာပေါ့။ ကျနော်တို့ဆိုတာထက် သာသနာရေးဝန်ကြီးဌာန၏ အမိန့် လမ်းညွှန်ချက်များရယူပြီး သိက္ခာ ချ လူဝတ်လဲခြင်းပြူလုပ် ပြီး အရေးယူဆောင်ရွက်ခြင်း၊ မူလနေထိုင်သောနေရာမှ ရှင်းလင်းဖယ်ရှားခြင်းပြုလုပ်သွာမယ်”ဟု မြို့နယ်အုပ်ချူပ်ရေးမှူးက ဦးရဲအောင်က ပြောသည်။

အဆိုပါ ရဟန်းကျင့်ဝတ်နှင့် မညီညွတ်သူများကိုတွေ့ရှိပါက ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်စေချင်ကြောင်းနှင့် မီးရထား၊ ကားနှင့် မော်တော်ဆိုင်ကယ်ပေါ်တွင် လည်းကောင်း၊ အများသူငှါသွားရာလမ်းဖြစ်သော ဈေးများတွင် လှည့်လည်အလှူခံရာတွင် သက်ဆိုင်ရာ ကျောင်းတိုက်အမည်နှင့် မြို့နယ်ထောက်ခံချက် တို့မပါရှိဘဲ လှည့်လည်အလှူခံခြင်း၊ သင်္ကန်းဝတ်ရုံခြုံ ၍ ရဟန်းကျင့်ဝတ်နှင့်မဆီလျော်သော အရက်သေစာ သောက်စားခြင်း၊နှင့်မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သံဃာနာယကအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်ရုံးနှင့်ရဲစခန်းအသီးသီးသို့ သတင်းပေးတိုင်ကြားနိူင်ကြောင်း သိရသည်။

 “ကျနော်တို့နန်းမားမှာ ဧပြီ(၄)ရက်နေ့က မူးယစ်ဆေးသုံးစွဲထားတဲ့ ရဟန်းတစ်ပါး နန်းမားမြို့ထဲ လှည်လည်အလှူခံနေတာ တွေ့တဲ့ အတွက် ရပ်ကွက်ရုံးမှခေါ်ယူစစ်ဆေးပြီး သိက္ခာချ လူဝတ်လဲစေပြီး သူ့နေရပ်ကပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်ထပ်မလုပ်အောင် အတွက်လည်း ထပ်မံသတိပေးတာတွေ ခံဝန်လက်မှတ်ထိုးခိုင်းတာတွေ လုပ်ပြီး မိုးညှင်းမြို့နယ်အုပ်ချူပ်ရေးမှူးထံသို့ အသိပေး အပ်နှံခြင်းပြုလုပ်ခဲ့ကြောင်း နန်းမားမြို့မှ ကိုသောင်းဉာဏ်က ပြောသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။