Trending Now

ကချင်ပြည်နယ်မှ တစ်သျှူးငှက်ပျော တန်ချိန် ရှစ်သိန်းကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၈ သန်းခန့် ရရှိ

Spread the love

ကချင်ပြည်နယ်မှ တစ်သျှူးငှက်ပျော တန်ချိန် ရှစ်သိန်းကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၈ သန်းခန့် ရရှိ

EPN
မြစ်ကြီးနား ၊ မေလ ၅

ပြီးခဲ့သည့်နှစ်အတွင်း ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျော တန်ချိန် ရှစ်သိန်းကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၂၈ သန်းကျော် ရရှိခဲ့ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်မှထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုက်တီ ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ စွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များနှင့် တရုတ်ပြည်တစ်နိုင်ငံလုံးသို့ တင်ပို့လျက် ရှိပြီး ရုရှားနယ်စပ်ထိ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

တစ်သျှူးငှက်ပျော စိုက်ပျိုးမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီ ၂၀ ကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော တင်ပို့မှု မှရရှိသည့် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ခံရရှိမှုအနေဖြင့် ပြီးခဲ့သည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄၀ဝကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း၂၁၀ဝကျော် ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကျပ်သန်းပေါင်း ၃၀ဝ၀ ကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။