Trending Now

နောင်မွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသခံများ အခက်အခဲဖြစ်နေ

Spread the love

နောင်မွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသခံများ အခက်အခဲဖြစ်နေ
EPN
မြစ်ကြီနား၊ စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အမှတ်(၂)ရပ်ကွက် မြေနိမ့်ပိုင်းရှိ လူနေများတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားနေသည့်အပြင် နမ်ပန်းဒမ်းကြိုတံတားပျက်စီးသွားသည့်အတွက် ဒေသခံပြည်သူများ သွားရေးလာရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။
”နောင်မွန်မြို့မှာ မိုးရွာတာတစ်ပတ်ရှိနေပြီ မနေ့ညက မိုးအရမ်းရွာသွားတော့ ရေကတက်လာတာ အခု ရေကာတာ အထက်ဆယ်ပေကျော်တက်နေတဲ့အပြင် နမ်ပန်းဒမ်ကြိုးတံတားလဲ ပျက်သွားပြီ တဖက်ကမ်းက ရွာသူရွာသားတွေ သွားလို့လာလို့မရတော့ အခက်အခဲဖြစ်နေတယ် ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိရေဝင်ရောက်နေသည့် လူနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ ပြည်သူများက ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိ‌ကြောင်းသိရပြီး နောင်မွန်းမြို့သည် နှစ်စဉ်မိုးတွင်းကာလအတွင်း ဒေသခံပြည်သူများ အလုပ်အကိုင်ရပ်နားရသည်အထိ ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
မိုးလေဝသပညာရှင်ဒေါ်စုစုစံက နောက် ၂၄ မှ ၇၂ နာရီ အတွင်း ပူတာအို၊ အထက်ဆန်ခေါင်၊ နောင်မွန်း၊ ပန်နန်းဒင၊် ခေါင်လန်ဖူးဒေသများတွင် မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
ဝလုံး
photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။