Trending Now

မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ ဧပြီ ၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ၊ နန့်မချီကျောက်စိမ်းမှော်ဘက်မှ ဆိုင်ကယ်စီးပြန်လာသည့် အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ (၈)ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃)မှ ရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မော်ဟန်ကျေးရွာနှင့် နမ္မချီကျောက်စိမ်းမှော်သွားလမ်း နတ်စင်ကုန်းအနီး စောင့်ဆိုင်းနေစဉ် နန့်မချီမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့ ဝင်းတင့် မောင်းနှင်လာသည့် KENBO-125 နက်/နီရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဝင်းတင့်ထံမှ GRAND ROYAL စာတန်းပါ ပလစ်စတစ်ကော်ဗူးအတွင်းထည့်လျှက် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့် အလေးချိန် (၃.၅)ဂရမ်ပါ (၁)‌ဗူးနှင့် (ဝ.၃) ဂရမ်ပါ (၃)ဗူး၊ စုစုပေါင်းအလေးချိန် (၄.၄)ဂရမ်အား ရှာဖွေတွေ့ရှိဖမ်းဆီးရ
မိသဖြင့် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့သည်။

့ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းတင့် (၃၉)နှစ်၊ (ဘ)ဦးအောင်မြိုင်၊ ဟဲနုကျေးရွာ၊ မော်လူးမြို့၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၅၇/၂၀၂၀၊ မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။