Trending Now

မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီအသင်းထံ အမေရိကန်ဒေါ်လာ ၁ သိန်းလှူဒါန်း

Spread the love

မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီအသင်းထံ အမေရိကန်ဒေါ်လာ ၁ သိန်းလှူဒါန်း

EPN
တိုကျို၊ မတ် ၁၂ (၂၀၂၄)

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ အသုံးပြုရန် မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီအသင်းထံ အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေ အမေရိကန်ဒေါ်လာ ၁ သိန်းအား မြန်မာအစိုးရ (ကိုယ်စား) ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ယမန်နေ့ မတ် ၁၁ ရက်၊ နံနက်ပိုင်းက ပေးအပ်လှူဒါန်းရာ ဂျပန်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Mr. Atsushi Seike ကလက်ခံရယူ၍ လှူဒါန်းမှုလက်ခံရရှိကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းစာကို ပြန်လည်ပေးအပ်ခဲ့သည်။

ဂျပန်နိုင်ငံ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ကာ အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ပြီး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများအတွက် ဂျပန်အစိုးရမှဆောင်ရွက်လျက် ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ လှူဒါန်းမှုသည် အထောက်အကူဖြစ်စေမည်ကို ယုံကြည်သည်ဟု မြန်မာသံအမတ်ကြီး ဦးစိုးဟန်က ပြောကြားခဲ့သည်။

၎င်းအပြင် ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ကလည်း အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်အတွက် မြန်မာအစိုးရမှ ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့၍ များစွာကျေးဇူးတင်ရှိကာ မြန်မာအစိုးရ၏ လှူဒါန်းငွေသည် င လျင်ဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ များစွာအထောက်အကူ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် အင်အား ၇ ဒဿမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။