Trending Now

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ် သန်း ၃၃၀ ကျော်ဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားနေရဆဲ

Spread the love

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ် သန်း ၃၃၀ ကျော်ဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားနေရဆဲ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃

ကိုဗစ် ကပ်ရောဂါကြောင့် ကလေးသူငယ် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး တိုက်ပွဲဟာ သိသိသာသာ နှေးကွေးသွားခဲ့ပြီး ကလေး ၃၃၃ သန်းဟာ အလွန်အမင်းဆင်းရဲစွာ နေထိုင်နေရဆဲဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်လာတဲ့ ကလေးသူငယ် သန်း ၃၀ ထက် နည်းပါးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရလဒ်အနေဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ ကလေးသူငယ် ခြောက်ဦးအနက် တစ်ဦးဟာ တစ်ရက်ကို ဒေါ်လာ ၂.၁၅ အောက်နဲ့ အသက်ရှင်သန်နေရဆဲဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

” ကိုဗစ်ရဲ့ သက်ရောက်မှု၊ ပဋိပက္ခတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးဆိုင်ရာ လှုပ်ခတ်မှုတွေကြောင့် သန်းပေါင်းများစွာသော ကလေးတွေကို အလွန်အမင်း ဆင်းရဲမွဲတေစေခဲ့တယ်” လို့ UNICEF အမှုဆောင် ဒါရိုက်တာ Catherine Russell က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ တွေ့ရှိချက်အရ ၂၀၃၀ ခုနှစ်မှာ ကလေးသူငယ် အလွန်အမင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“အခြေခံလိုအပ်ချက်တွေသာမက ဂုဏ်သိက္ခာ၊ အခွင့်အလမ်း နဲ့ မျှော်လင့်ချက်တွေပါ ဆုံးရှုံးနေရတဲ့ ကလေးသူငယ် ၃၃၃ သန်းအတွက် ကမ္ဘာကြီးက သီးမခံနိုင်တော့ပါဘူး။” လို့ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲမွဲတေမှုနှင့် သာတူညီမျှမှုဆိုင်ရာ ဒါရိုက်တာ Luis-Felipe Lopez-Calva က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အာဖရိကဆာဟာရအောက်ပိုင်းမှာရှိတဲ့ ကလေး ၄၀ ရာခိုင်နှုန်းဟာ အလွန်အမင်းဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး ကမ္ဘာပေါ်မှာ ရာခိုင်နှုန်းအများဆုံးဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေ လျင်မြန်စွာတိုးလာခြင်း၊ ကိုဗစ်နဲ့ ရာသီဥတုဆိုင်ရာ ကပ်ဘေးတွေအပါအဝင် အကြောင်းရင်းများစွာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ UNICEF တို့က ကလေးသူငယ်ဆင်းရဲမွဲတေမှုကို ဦးစားပေးဖြေရှင်းဖို့နဲ့ ကမ္ဘာ့လုံးဆိုင်ရာ ကလေးခံစားခွင့်အစီအစဉ်တွေ၊ အစီအမံတွေ ချမှတ်ပေးဖို့ နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

“ဒီကလေးငယ်တွေကို ကျွန်တော်တို့ မစွန့်လွတ်နိုင်ပါဘူး၊ ကလေးဆင်းရဲမွဲတေမှု ပပျောက်ရေးဟာ မူဝါဒရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။” လို့ UNICEF အမှုဆောင် ဒါရိုက်တာ Russell ကပြောပါတယ်။

ref; cna

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။