Trending Now

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ဘင်္ဂါလီ တစ်ရာကျော်ဖမ်းဆီးထား

Spread the love

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ဘင်္ဂါလီ တစ်ရာကျော်ဖမ်းဆီးထား

EPN
ဧရာဝတီ၊ စက်တင်ဘာ ၄

ဧရာဝတီတိုင်းအတွင်း ပြီးခဲ့သည့် သြဂုတ်လ တစ်လ အတွင်းအကြောင်း အမျိုးမျိုးဖြင့်ရောက်လာပြီး ဖမ်းဆီးခံရသည့် ဘင်္ဂါလီ ၁၀၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ ၁၀၁ ဦးအား ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ အတွင်း ကုန်းလမ်း၊ ရေလမ်းများမှ တစ်ဆင့် ဧရာဝတီတိုင်းသို့ ဝင်ရောက်လာရာတွင် သက်ဆိုင်ရာ လုံခြုံရေးများမှ တွေ့ရှိ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့ တစ်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂါလီ အထောက်အထားမဲ့သူ ၁၀၁ ဦးမှာ သာပေါင်းမြို့နယ်မှ ၂ ဦး၊ လပွတ္တာမြို့နယ်မှ ၇၂ ဦး၊ ကြံခင်းမြို့နယ်မှ ၂၇ ဦး ဖြစ်ပြီး ယင်းတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီး တို့တွင် အမှုဖွင့် အရေးယူစစ်ဆေးနေကြောင်း သိရသည်။

”ဖမ်းမိထားတဲ့ ဘင်္ဂါလီတွေက ရန်ကုန်ကနေ တစ်ဆင့် တစ်ဖက် မလေးရှားနိုင်ငံဘက်ကိုသွားဖို့ လာကြသူတွေတဲ့။ ရခိုင်ပြည်နယ်က လာတဲ့သူတွေလို့ သိရတယ်။ လိုရာခရီးမရောက်ဘဲ အဖမ်းခံရတာ သူတို့ကို လ.ဝ.က ဥပဒေနဲ့ အရေးယူထားတာများတယ်။”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောပြသည်။

ပြီးခဲ့သည့် တစ်လတာ ကာလအတွင်း ဖမ်းမိသည့် ဘင်္ဂါလီ ၁၀၁ ဦးသည် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၈၉ ဦး ဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာမှ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ပေးထားပြီး ဥပဒေနှင့် အညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် မောင်းနှင်လာသော စက်လှေပေါ်မှ ဘင်္ဂါလီ အမျိုးသား ၅၀ ဦး၊အမျိုးသမီး ၁၂ ဦး၊စုစုပေါင်း ၆၂ ဦးကို ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှ ဖမ်းဆီးခဲ့သေးကြောင်း သတင်းမှတ် တမ်းများ အရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။