Trending Now

အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုမြင့်တက်နေ

Spread the love

အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုမြင့်တက်နေ

EPN
နိုင်ငံတကာ၊ မတ် ၂၉

အာဖရိကအရှေ့ပိုင် နဲ့ တောင်းပိုင်းက နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုမြင့်တက်နေတယ်လို့ ဆင်ဟွာသတင်းဌာနက ဒီနေ့ မတ်လ ၂၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေမှာ ကာလဝမ်းရောဂါ မြင့်တက်လာမှုကို တုံ့ပြန်နိုင်ဖို့အတွက် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ (UNICEF)က အမေရိကန်ဒေါ်လာ ၁၇၁ သန်း အရေးပေါ် တောင်းခံထား တယ်လို့ သိရပါတယ်။

မာလာဝီ၊ မိုဇမ်ဘစ်၊ ဆိုမာလီယာ၊ ကင်ညာ၊ အီသီယိုးပီးယား၊ ဇမ်ဘီယာ၊ တောင်ဆူဒန်၊ ဘူရွန်ဒီ၊ တန်ဇန်းနီးယား၊ ဇင်ဘာဘွေ နဲ့ တောင်အာဖရိက မှာရှိတဲ့ လူဦးရေ ၂၈ သန်းဟာ အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကာလဝမ်းရောဂါကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် ရန်ပုံငွေ ၁၇၁ သန်းကို အရေးပေါ်တောင်းဆိုထားပါတယ်။” လို့ UNICEF ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ရန်ပုံငွေကို မိလ္လာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ အာဟာရ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး နဲ့ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

အလွန်စိုးရမ်စရာ ကာလဝမ်းရောဂါဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ကူးစက်ခံရသူ ၆၇,၈၂၂ ဦး၊ သေဆုံးသူ ၁,၇၈၈ ဦးအထိရှိနေပြီး အစီရင်ခံမှုအားနည်းတဲ့ အတွက် မြေပြင်အခြေအနေဟာ ပိုမိုဆိုးရွားနိုင်တယ်လို့ ဆိုပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။