Trending Now

နိုင်ငံရေးပါတီတည်ထောင်ခွင့် နဲ့ မှတ်ပုံတင်ခွင့်လျောက်ထားတဲ့ ပါတီ ၁၄ ပါတီအထိရှိလာ

Spread the love

နိုင်ငံရေးပါတီတည်ထောင်ခွင့် နဲ့ မှတ်ပုံတင်ခွင့်လျောက်ထားတဲ့ ပါတီ ၁၄ ပါတီအထိရှိလာ

EPN
မြစ်ကြီးနား၊ မတ် ၄

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ပြည်သူ့အင်အားပါတီဟာ ဆက်လက်တည်ထောင်ခွင့် နဲ့ မှတ်ပုံတင်ခွင့်ကို မတ်လ ၃ ရက်နေ့က လျောက်ထားခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့အထိ နိုင်ငံရေးပါတီအသစ် ၄ ခုနဲ့ တည်ဆဲပါတီ ၁၀ ခုတို့ဟာ ရွေးကောက်ပွဲကော်မရှင်ထံကို လုပ်ထုံးလုပ်နည်းများနဲ့အညီ လျောက်ထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ကြမယ့်ပါတီ စုစုပေါင်း ၁၄ ပါတီရှိ လာခဲ့ပြီဖြစ်ပါတယ်။

လာရောက်လျှာက်တဲ့ပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီက ၅ ပါတီ ရှိပြီး တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၉ ပါတီ အထိ ရှိနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး တည်ဆဲပါတီတွေပါ ပါတီသစ်တွေနည်းတူ ရွေးကောက်ပွဲကော်မရှင်က ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်တင်ရမှာဖြစ်ပြီး ပြန်မလျှောက်တော့တဲ့ ပါတီတွေကတော့ အလိုအလျောက် ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။

ပြန်လည်လျှောက်ထားတဲ့ တည်ဆဲပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့အင်အားပါတီတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၀ ပါတီဖြစ်ပါတယ်။

အသစ်လျှောက်ထားလာတဲ့ပါတီ (၄) ခုကတော့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ဖြစ်ကြပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။