Trending Now

စစ်အေးတိုက်ပွဲကို အဆုံးသတ်ခဲ့တဲ့ ဆိုဗီယက် နောက်ဆုံးသမ္မတ ဂေါ်ဘာချော့ဗ် ကွယ်လွန်

Spread the love

စစ်အေးတိုက်ပွဲကို အဆုံးသတ်ခဲ့တဲ့ ဆိုဗီယက် နောက်ဆုံးသမ္မတ ဂေါ်ဘာချော့ဗ် ကွယ်လွန်

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၀

စစ်အေးတိုက်ပွဲကို သွေးမြေမကျအောင် အဆုံးသတ်ပေးခဲ့သူ နဲ့ ဆိုဗီယက်ပြည်ထောင်စုကို ပြိုကွဲစေသူအဖြစ် ပုံစံနှစ်မျိုးနဲ့ ထင်ရှားခဲ့တဲ့ ဆိုဗီယက် နောက်ဆုံးသမ္မတ ဂေါ်ဘာချော့ဗ်ဟာ မော်စကိုမြို့မှာ ဩဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲချိန်အထိ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ အသက် ၉၁ နှစ်အရွယ် ဂေါ်ဘာချော့ဗ်ဟာ မော်စကိုမြို့က ဗဟိုဆေးရုံမှာ ယမန်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဂေါ်ဘာချော့ဗ် လုပ်ဆောင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် အရှေ့ဥရောပကို ဆိုဗီယက်အုပ်ချုပ်မှုကနေ လွတ်မြောက်စေခဲ့တဲ့အတွက် ၁၉၉၀ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိခဲ့ပေမယ့် ကမ္ဘာ့စူပါပါဝါရရှိထားတဲ့ သူတို့နိုင်ငံရဲ့ အခန်းကဏ္ဍကို နှိမ့်ကျသွားစေခဲ့တဲ့အတွက် ရုရှားနိုင်ငံသားတွေကတော့ သူ့ကို ခွင့်လွတ်နိုင်မှာ မဟုတ်ပါဘူး။

အမေရိကန်နဲ့ လက်နက်လျှော့ချရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့တာတွေ နဲ့ အနောက်အုပ်စုနဲ့ ပူးပေါင်းဆာင်ရွက်ပြီး ပြိုကွဲနေတဲ့ ဂျာမနီ နှစ်နိုင်ငံကို ပြန်လည်ပေါင်းစည်းစေခဲ့တာတွေက သူ့ရဲ့ ထင်ရှားတဲ့ မှတ်တိုင်တွေဖြစ်ပေမယ့် လက်ရှိသမ္မတ ဗလာဒီမာပူတင်ကတော့ ဂေါ်ဘာချော့ဗ် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် တိုင်းပြည်ပြိုကွဲတဲ့အထိ ဖြစ်ခဲ့ရတဲ့အတွက် နှယ်ဆယ်ရာစုရဲ့ အကြီးမားဆုံး ကပ်ဆိုးတစ်ခုလို့ တင်စားခဲ့ပါတယ်။

ဂေါ်ဘာချော့ဗ်ရဲ့ ရုပ်အလောင်းကို မော်စကိုမြို့က နိုဗိုဒေဗီချီ သင်္ချိုင်းမှာရှိတဲ့ ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ သူ့ဇနီးသည်ရဲ့ ဘေးမှာ မြှုပ်နှံသွားမယ်လို့ ရုရှားသတင်း တွေက ဆိုပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။