Trending Now

ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၂ ဦးအနက် ၄ ဦး ကိုဗစ်ရောဂါပိုးတွေ့

Spread the love

ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၂ ဦးအနက် ၄ ဦး ကိုဗစ်ရောဂါပိုးတွေ့

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံ ဟတ်ယိုင်တွင် တရားမဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၂)ဦး အနက် ၄ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဘန်းကောက်ပို့ သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဟတ်ယိုင်ခရိုင်တွင် တရားမဝင်နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို စနေနေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဘန်ရိုင်မြို့နယ် မူး ၁၀ ရွာအနီး ချုံပုတ်အတွင်း ပုန်းအောင်းနေသည့် အလုပ်ရှာဖွေသူ မြန်မာနိုင်ငံသားများကို ခရိုင်တာဝန်ရှိသူများက ည ၇ နာရီခန့်တွင် သဲလုံစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေး ဝန်ထမ်းများက ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ အလုပ်အကိုင်ရှာဖွေသူများသည် မြန်မာနိုင်ငံမှ ဟတ်ယိုင်သို့ သောကြာနေ့က ရောက်ရှိခဲ့ပြီး ၎င်းတို့သည် မလေးရှားရှိ အလုပ်ပွဲစားများထံ တဦးလျှင် ဘတ်ငွေ ၅၀,၀၀၀ ပေးခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည့် အလုပ်ပွဲစားများအတွက် ချုံပုတ်များတွင် စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ပွဲစားများသည် ထိုင်းအဏာပိုင်များ မရောက်ခင် ထွက်ပြေးသွားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က နေရပ်ပြန်ပို့မှု ဆိုင်းငံ့ထားပြီး တရားမဝင် ဝင်ရောက်မှုဖြင့် အများစုကို သောင်လွင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက် ၎င်းတို့အနက် ၄ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရသဖြင့် ကွာရင်တင်း ဝင်ခိုင်းထားကြောင်း သိရသည်။

— ကိုးကား —
ဘန်းကောက်ပို့စ်
Ref; 22 Myanmar job seekers, 4 with Covid, arrested in Hat Yai


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။