Trending Now

ဂျာမနီနိုင်ငံတွင် စိတ်ကြွဆေးပြားများ ထည့်ထားသော ဝိုင်သောက်မိပြီး တစ်ဦးသေဆုံး

Spread the love

ဂျာမနီနိုင်ငံတွင် စိတ်ကြွဆေးပြားများ ထည့်ထားသော ဝိုင်သောက်မိပြီး တစ်ဦးသေဆုံး
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
ဂျာမနီနိုင်ငံတောင်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် (ecstasy) စိတ်ကြွဆေးပြားများ ထည့်ထားသော ဝိုင်ကို မရည်ရွယ်ဘဲ သောက်မိခဲ့ပြီးနောက် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘာဗေးရီယားမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရှန်ပိန်တစ်ပုလင်းကို လူတစ်စုက မှာကြားပြီးနောက် သိပ်မကြာခင်မှာပဲ အစာအဆိပ်သင့်သည့် လက္ခဏာများ ပြလာခဲ့ကြောင်း အေဘီစီ သတင်းဌာနက ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာ စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါတွင် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် အသက် ၃၃ နှစ်မှ ၅၂ နှစ်ကြားရှိ အမျိုးသားငါးဦးနှင့် အမျိုးသမီး သုံးဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး ထိုညတွင် အသက် ၅၂ နှစ်အရွယ် အမျိုးသားမှာ သေဆုံးသွားခဲ့သည်။
လူနာများကို အဆိပ်သင့်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ရှန်ပိန်တွင် စိတ်ကြွဆေးပြား ပါဝင်ကြောင်း အကြီးတန်းအစိုးရရှေ့နေ ဂါဒ့်ရှတ်ဖာ က ထုတ်ဖော်ပြောဆိုခဲ့သည်။
တရားရုံးတော်က ပေါ့ဆစွာ လူသတ်မှု၊ ကိုယ်ထိလက်ရောက် ထိခိုက်မှုနှင့် မူးယစ်ဆေးဝါး အက်ဥပဒေ ချိုးဖောက်မှုများအတွက် သံသယရှိသူအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမှုဖွင့်လှစ်ခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် ဝိုင်ပုလင်းကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖောက်သွားသည်ကို သိရှိရန် ကြိုးစားနေကြောင်း ရှိတ်ဖာ ကပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် အခြားခုနစ်ဦးသည် တစ်ဦးတစ်ယောက်မျှ စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
— ကိုးကား —
Newsinfo
Ref; Champagne laced with ecstasy kills man at German restaurant

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။