Trending Now

ငိုးပင်းကျေးရွာတံတား အနီး ထောင်ထားသည့် မိုင်းတစ်လုံးအား လူငယ်နှစ်ဦးမှ ဆိုင်ကယ်ဖြင့် ပြန်လည်ယူဆောင်ထွက်ပြေး

Spread the love

ငိုးပင်းကျေးရွာတံတား အနီး ထောင်ထားသည့် မိုင်းတစ်လုံးအား လူငယ်နှစ်ဦးမှ ဆိုင်ကယ်ဖြင့် ပြန်လည်ယူဆောင်ထွက်ပြေး

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဇွပ်ယန်နှင့် ဆိုင်ရာ ကြား ငိုးပင်တံတား အနီး ထောင်ထားသည့် မိုင်းတစ်လုံးအား လမ်းသွားလမ်းလာတစ်ဦးတွေ့ရှိရာမှ သက်ဆိုင်ရာသို့ အကြောင်းကြားစဥ် လူငယ်နှစ်ဦးမှဆိုင်ကယ်ဖြင့် လာရောက်ကာ ပြန်လည်ယူဆောင်ထွက်ပြေးသွားသည့် ဖြစ်စဥ်တစ်ခု ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာယမန်နေ့ နံနက် ၈ နာရီခွဲခန့်က မဇွပ်ယန် နဲ့ ဆိုင်းရာ ရွာကြား ငိုးပင်းရွာ တံတားအနီးတွင် လမ်းသွားလမ်းလာ အမျိုးသမီး တစ်ဦးမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ပိုးထားသည့် အရာဝတ္တုအား ကန်မိရာမှ
တွေရှိခဲ့ခြင်းဖြစ်သည်။

” မနေ့က မနက်ပိုင်းမှ အန်တီ တစ်ယောက် အဲ့ နားကဖြတ်သွားတာ ၊ ကြွပ်ကြွပ်အိတ်ကို ကန်လိုက်သေးတယ်ပြောတယ်၊ ဝါယာကြိုးတွေ ထွက်လာမှ သူလဲ လန့်သွားတာ ၊ အဲ့တာနဲ့ အနီးက လူတွေ ဆယ်အိမ်မှူးတွေက အဲ့တံတား ဘက်မသွားကြဖို့ လမ်းကို တားဆီးတာတွေ လုပ်ကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါမိုင်းထုတ်ထားသည့် ကြွပ်ကြွပ်အိပ်ကို တွေ့ရှိပြီး နာရီဝက်အတွင်း အမည်မသိ လူငယ်နှစ်ဦးမှ (125) ဆိုင်ကယ် ဖြင့်လာရောက်ကာ ကောက်ယူသွားခဲ့ကြောင်း အနီးရှိမျက်မြင်တစ်ဦးကပြောသည်။

” ဆယ်အိမ်မှူးတွေ ၊ ပလပ်စတစ်ကြိုးနဲ့ လမ်းကို တားထားတာ ခဏလူရှင်းတုန်းမှာပဲ (Mask)တပ်ထားပြီး ဦးထုတ် အနက်ရောင် ဆောင်းထားတဲ့ လူငယ် နှစ်ဦးကရောက်လာပြီး ကောက်ယူထွက်ပြေးသွားတယ်” ဟု ၎င်းကပြောသည်။
အဆိုပါကျေးရွာမှာ ဖားကန့်မြို့နှင့် ၈ မိုင်ခန့်ကွာဝေးပြီး လုံးခင်းကျေးရွာအနီး မဇွပ်ယန်နှင့် ဆိုင်ရာရွာ ကြား တည်ရှိကာ ရွာလယ်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က စပေါ့ကျေးရွာနှင့် ကရင်ချောင်ကျေးရွာ ကြား ကားတစ်စီး မိုင်းဆွဲခံရပြီး ကားသမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။