Trending Now

ထိုင်းနိုင်ငံက မြန်မာအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံး ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေ

Spread the love

ထိုင်းနိုင်ငံက မြန်မာအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းတွေအားလုံး ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေ

EPN

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ အားလုံးကို လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား ၊ လာအို၊ မလေးရှား စတဲ့ နိုင်ငံတွေနဲ့ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်းရေးဂိတ် ၉၇ ခုတိတိရှိပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အခုလိုနယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတာဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့နဲ့ ကုန်စည် သယ်ယူပို့ဆောင်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် စီစဉ်ခဲ့တာလို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အားလုံးပြန်လည်ဖွင့်လှစ်ပြီးပါက လာမယ့်နှစ်မှာ ကုန်စည်ပြပွဲတွေကို နေရာအများအပြားမှာပြုလုပ်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မလေးရှား၊ လာအို နဲ့ ကမ္ဘောဒီယားနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်အချို့ကို ပြီးခဲ့တဲ့လတွေအတွင်းမှာ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် မြန်မာနယ်စပ်ဂိတ်တွေကို တော့မဖွင့်လှစ်နိုင်သေးတာ ဒီနေ့အထိဖြစ်ပါတယ်။

— ကိုးကား —
thethaiger
Ref; Thailand to open all land border crossings next year

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။