Trending Now

ဖားကန့်မြို့နယ်တွင် ဘိန်းဖြူနှင့် ဘိန်းဆီခဲ ကာလတန်ဖိုးကျပ်သိန်း ၈၅၀ ကျော်ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်တွင် ဘိန်းဖြူနှင့် ဘိန်းဆီခဲ ကာလတန်ဖိုးကျပ်သိန်း ၈၅၀ ကျော်ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့က ယူမာကျေးရွာအနီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထံမှ ဘိန်းဖြူ (၁၉၈၀) ဂရမ် နှင့် ဘိန်းဆီခဲ (၄၀၀၀) ဂရမ် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၈၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယူမာကျေးရွာအနီး ၊ ဖားကန့် ဆိုင်းတောင် သွားကားလမ်း GOGOAL BAR စားသောက်ဆိုင်အနီးတွင် မူးယစ်ဆေးဝါးရောင်ဝယ်နေမှုသတင်းအရ စောင့်ဆိုင်းနေစဥ် ယင်းအမျိုးသားနှင့် အမျိုးသမီးတို့ မောင်းနှင့်လာသည့် ကားပေါ်မှာ ဘိန်းဖြူမှုန့်များနှင့် ဘိန်းဆီခဲများတွေရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျနော်တို့ကို တာဝန်သိပြည်သူ တစ်ယောက်က သတင်းပေးပို့လာမှုကြောင့်ဖားကန့် ဆိုင်းတောင်သွားလမ်းမှာ မနေ့က သွားရောက် စောင့်ဆိုင်းဖမ်းဆီးခဲ့တယ်၊ နေရာက ယခင်က ဖမ်းဆီးလေ့မရှိတဲ့ နေရာဟုတ်တယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းဖမ်းဆီးမိသူများမောင်းနှင်လာသည့်ကားထဲမှာ အဝါရောင်ပီနံအိတ်အတွင်းမှ ပလပ်စတစ်အိတ်ငယ်များဖြင့် ထုတ်လျှက် ဖြူဝါရောင်ဘိန်းဖြူမှုန့် အလေးချိန် (၁၉၈၀)ဂရမ် ၊ ကာလတန်ဖိုး ကျပ်သိန်း ၇၉၀ ကျော် ၊ အနက်ရောင် အိတ်ဖြင့်ထုတ်လျှက် ဘိန်ဆီခဲ အလေးချိန် ( ၄၀၀၀) ဂရမ် ၊ ကာလတန်ဖိုး ကျပ်သိန်း ၆၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဥရုဆွတ်အိန်ယန်ကျေးရွာနေ ကိုယော်ထန် (ခ) မာယော် ၊ အသက်၂၉ နှစ်နှင့် မလဲ့လဲ့ဆွေ (ခ) ဆွေဆွေထွန်း အသက် ၄၃နှစ် တို့ကို ဖားကန့်မြို့နယ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)ဖြင့် အမူဖွင့် အရေးယူထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။