Trending Now

မင်းကင်းမြို့နယ်က မုဿရွာနဲ့ မောက်တက်ရွာမှာ အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်စီးခံရ

Spread the love

မင်းကင်းမြို့နယ်က မုဿရွာနဲ့ မောက်တက်ရွာမှာ အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်စီးခံရ
EPN
မင်းကင်း ၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မုဿာကျေးရွာအုပ်စု ၊ မုဿာကျေးရွာနဲ့ မောက်တက်ကျေးရွာက လူနေအိမ် ၃ ရာကျော်ကို အကြမ်းဖက်သမားတွေက ဝင်ရောက်မီးရှို့ဖျက်စီးသွားတယ်လို့ ကလေးခရိုင် မီးသတ်ဦးစီးဌာနက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မီးရှို့ဖျက်စီးခံလိုက်ရတာက မုဿာရွာနဲ့ မောက်တက်ရွာဖြစ်တယ် ၊အခုလ ၁၁ ရက္ မနက်အစောပိုင်းက ဖြစ်တယ် ၊ မီးလောင် ပျက်စီး ဆုံးရှုံးရတဲ့ အိမ်ခြေ နှစ်ရွာပေါင်း သုံးရာကျော်တယ် ၊ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရာက အကြမ်းဖက်သမားတွေက ဝင်ရောက်ဖျက်စီးတာ ဖြစ်တဲ့အတွက် ရှို့မီးဖြစ်တယ် ” လို့ ခရိုင်မီးသတ် ဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ မီးလောင်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အလွန်များပြားတာကြောင့် ပျက်စီးဆုံးရှုံးမှု ကာလ ခန့်မှန်းတန်းဘိုးကို သက်ဆိုင်ရာက အချိန်ယူပြီး စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့မှာ အလားတူ မီးရှို့ဖျက်စီးခံရတဲ့ ကျေးရွာပေါင်း ၃ ဒါဇင်မကရှိခဲ့ပြီး မီးလောင်ပျက်စီး လူနေအိမ် ၁ ထောင်ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။