Trending Now

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး နေ့စဉ်ဆွမ်းခံ ကြွချီ အပူဇော်ခံခြင်းအား မတ်လ ၁၃ ရက်မှစတင်ရပ်နားမည်

Spread the love

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး နေ့စဉ်ဆွမ်းခံ ကြွချီ အပူဇော်ခံခြင်းအား မတ်လ ၁၃ ရက်မှစတင်ရပ်နားမည်
EPN
ကန့်ဘလူ၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်တလူသာ သနာပြုစခန်းတွင် သီတင်းသုံး နေထိုင်တော်မူသည့် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် (မတ် ၁၃ ရက်) နေ့မှ စတင်၍ နေ့စဉ် ဆွမ်းခံကြွချီခြင်းကို ရပ်နားမည်ဖြစ်ကြောင်း နတ်တလူသာသနာပြုစခန်းပြန် ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ စတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ နေ့စဉ်ဆွမ်းခံကြွချီခြင်း ခဲ့ကြောင်း သိရသည်။
၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားစာ တပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွချီ အပူဇော်ခံခြင်းကို ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
နတ်လူ သသနာပြုစခန်း၌ တပေါင်းလပြည့်နေ့တွင် ကျင်းပပြုလုပ်မည့် တပေါင်းပွဲတော် တွင် သံဃာတော် ၁၀၈ ပါးအား စာရေးတံမဲများ ဆက်ကပ်လှူဒါန်သွားမည်ဖြစ်ပြီး ကြွရောက်လာသည့် ဧည်ပရိတ်သတ်များကိုလည်း စတုဒိသာများဖြင့် ကြွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်း နတ်တလူ သာသနာပြုအသင်း၏ အတွင်းရေးမှူး ဦးခင်မောင်ဝင်း (ကပ္ပိယကာရက) ကပြောဆိုသည်။
ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၃၄၁ တွင် စတင်တောထွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနှစ်အတွင်း အသာစည် ရွှေကျောင်းကုန်းတောင်၊ ထို့မှတစ်ဆင့် မွန်ပြည်နယ် ဇင်းကျိုက်ဒေသရှိ ဇင်းကျိုက်တောင်၊ ရသေ့မဂူ၊ မင်းတစ်ရာ့တစ်ပါးတောင်၊ ကျောက်ခမောက်တောင် (၁၃၄၃-၁၃၄၆)၊ ထိုမှတစ်ဆင့် ဖူးကြီး သံသုမာရတောင်(၁၃၄၆)၊ ထိုမှတစ်ဆင့် စစ်ကိုင်း၊ မြန်အောင်ချောင် ဘာဝနာကုန်းမြင့်(၁၃၄၈)၊ ထိုမှတစ်ဆင့် ရွှေကျောင်းကုန်းတောင်(၁၃၄၉-၁၃၅၃)၊ ထိုမှတစ်ဆင့် ပျဉ်းမနား လက်လုပ်တောင် စသည့် တောရပ်များစွာ ခိုလှုံရင်း ယခု စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်တလူသာ သနာပြုစခန်း၌ သီတင်းသုံးနေထိုင်တော်မူနေခြင်း ဖြစ်သည်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။