Trending Now

အွန်လိုင်းပေါ်တွင် ကြိုးမဲ့ဝိုင်ဖိုင်စက်များ ရောင်ချပေးမည် ဟုဆိုကာ ပြည်သူများထံမှ ငွေကြေးလိမ်လည်တောင်းခံနေ

Spread the love

အွန်လိုင်းပေါ်တွင် ကြိုးမဲ့ဝိုင်ဖိုင်စက်များ ရောင်ချပေးမည် ဟုဆိုကာ ပြည်သူများထံမှ ငွေကြေးလိမ်လည်တောင်းခံနေ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၀

အွန်လိုင်းလူမှုကွန်ရက် FaceBook စာမျက်နာတွင် ကြိုးမဲ့ ဝိုင်ဖိုင်စက်များရောင်းချပေးသည်ဟု ဆိုကာ ပြည်သူများထံမှ ငွေကြေးများ တောင်းယူလိမ်လည်မှုများကို (Sapal Aung)အကောင့်ပိုင်ရှင်မှ ပြုလုပ်နေကြောင်း ငွေကြေး လိမ်လည်တောင်းခံရသည့် အွန်းလိုင်းစာမျက်နာ (facebook) အသုံးပြုသူတစ်ဦးထံမှသိရသည်။

အဆိုပါ (Sapal Aung)အကောင့်ပိုင်ရှင်မှာ ကြိုးမဲ့ဝိုင်ဖိုင် တစ်လုံးကို (ဖုန်းငါးလုံးသုံးနိုင်သည်ဆိုပြီး) ၄၀၀၀၀ လေးသောင်းကျပ်ဖြင့်ရောင်းချပြီး ပို့ခ သုံးထောင်ကျပ်ကျသည်ဟုဆိုကာ ရောင်းချနေသည့်အတွက် ဝယ်ယူခဲ့ရာ ကြိုတင်ငွေပေးခြေမှုအပြီးတွင် မည်သည့်အဆက်အသွယ်မှ မရရှိတော့ကြောင်း အွန်းလိုင်းစာမျက်နာ (facebook) အသုံးပြုသူတစ်ဦးထံက EPN ကိုပြောကြားခဲ့သည်။

“ အဲ့ဒီအကောင့်ပိုင်ရှင်က ကြိုးမဲ့ဝိုင်ဖိုင် တစ်လုံးကို (ဖုန်းငါးလုံးသုံးနိုင်သည်ဆိုပြီး) ၄၀၀၀၀ လေးသောင်းကျပ်ဖြင့်ရောင်းချပြီး ပို့ခ သုံးထောင်ကျပ်ကျတယ်လို့ပြောပြီး ရောင်းချတာကြောင့် ဟိုပင်မြို့က ဦးဇင်းတစ်ပါးဝယ်ယူခဲ့တယ်၊ ကြိုတင်ငွေ လွှဲပေးရမည်ဆိုသည့်အတွက်ကြောင့် ၆-၉-၂၀၂၂ခုနှစ်က လွှဲပေးပြီး ပစ္စည်းတင်ပို့ပေးပြီလားလို့မေးတော့ အဆက်အသွယ်ဖြတ်သွားခဲ့တယ်၊ အဲ့ဒီအကောင့် ပိုင်ရှင်က ဖုန်းနံပါတ် ၀၉-၉၅၃၃၁၈၂၀၄ kpayအကောင့်၊ ၀၉၂၅၁၃၃၉၈၇၃-Wavemoney အကောင့်ဖြစ်တယ်၊ အခုလို လူတွေကို လိမ်လည်နေတာကြောင့် အများပြည်သူတွေအနေနဲ့လည်း သတိထားကြဖို့ပြောချင်တယ်။” ဟု ၎င်းကပြောကြားခဲ့သည်။

အလားတူ အချို့အွန်လိုင်းလူမှုကွန်ရက် FaceBook စာမျက်နာတွင် Online Shop ရောင်းချသူ အကောင်းပိုင်ရှင်များအနေဖြင့်လည်း ငွေကြိုတင်တောင်းခံကာ အများပြည်သူများထံမှ ငွေကြေးများလိမ်လည်တောင်းယူနေမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။