Trending Now

ဗန်းမော်မြို့၌ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး

Spread the love

ဗန်းမော်မြို့၌ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး

EPN
‌ဗန်းမော်၊ စက်တင်ဘာ ၁၅ (၂၀၂၃)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင် ရပ်ကွက်ရှိ ယခင် (အခွန်လွတ်စျေးဟောင်း) နေရာတွင် သက်သာစျေးအဖြစ် စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီတွင် စားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး‌နေကြောင်း သိရသည်။

အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ကြက်သားဝက်သား၊ အမဲသား၊ ငါး၊ ခေါက်ဆွဲခြောက် နှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်စျေးထက် သက်သာစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြည်သူများအနေဖြင့်စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ ရောင်းချပေးလျက်ရှိရာ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။