Trending Now

၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇) ခု

Spread the love

၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇) ခု

EPN
အလှအပနှင့်ကျန်းမာရေး၊ မတ် ၃

မိမိမျက်နှာပေါ်မှာ ဝက်ခြံဒါမှမဟုတ်အဖုအပိမ့်တွေထွက်လာတဲ့အခါ စိတ်ညစ်ကြတာဟာ သဘာဝပါပဲ ဒီလိုမိမိမျက်နာပေါ်မှာ ထွက်ပေါ်လာတဲ့ ဝက်ခြံကိုလျင်မြန်စွာပျောက်ကင်းစေလိုတဲ့ ဆန္ဒရှိပေမယ့်လည်း ဘယ်လိုအလှကုန် ပစ္စည်းကို ရွေးချယ်အသုံးပြုရမလဲဆိုတာကို ဝေခွဲရခက်နေတတ်ပါတယ်။

ဒါကြောင့် မျက်နှာအသားအရေ ကို ဘေးဥပါဒ်မဖြစ်စေနိုင်ဘဲ ဝက်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇)ခုကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။ ရေနွေးငွေ့
အဝတ်သန့်သန့်တစ်ခုကို ရေကြက်သီးနွေးထည့်ထားတဲ့ ဇလုံထဲနှစ်ပြီး ရေစင်အောင်ညှစ်ပါ။ ပြီးရင် ဝက်ခြံ ပေါက်နေတဲ့နေရာတွေကို ကပ်ကပ်ပေးပါ။ ဒါမှမဟုတ်ရင် ရေနွေးထည့်ထားတဲ့ ဇလုံအပေါ်ကနေ ၆ လက်မ လောက်ခွာပြီး မျက်နှာကို ရေနွေးငွေ့နဲ့ တိုက်ရိုက်ထိတွေ့စေတာကလည်း ဝက်ခြံတွေကို သက်သာစေပါတယ်။

၂။ ရေခဲ
ရေခဲကပ်ပေးခြင်းဖြင့် ချွေးပေါက်တွေကိုကျဉ်းစေပြီး ဘက်တီးရီးယားပိုးကပ်တွယ်ခြင်းမှ ကာကွယ် တားဆီးပေးနိုင်ပါတယ်။ဒါ့အပြင်အရေပြားနီမြန်းခြင်း၊အရေပြားရောင်ရမ်းဖုထခြင်းတို့ကိုလည်း လျော့ချပေးနိုင်ပါတယ်။

၃။ ခရမ်းချဉ်သီး
အလွယ်တကူရနိုင်ပြီး သဘာဝအားဖြင့် အက်ဆစ်ဓာတ်ပါဝင်တဲ့ ခရမ်းချဉ်သီးကို မျက်နှာအနှံ့လိမ်းကျံပေးခြင်းဖြင့် ဝက်ခြံဖုတွေ ကိုရှုံ့သွားစေနိုင်ပါတယ်။

၄။ ပျားရည်နှင့် သံပုရာသီး
သံပုရာသီးမှာပျားရည်သုတ်လိမ်းပြီး မျက်နှာပြင်အနှံ့လိမ်းကျံပေးပါက ဝက်ခြံဖုတွေကို ရှုံ့စေနိုင်ပြီး အရေ ပြားအစိုဓာတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။

၅။ ဒိန်ချဉ် နှင့် သခွားသီး
ဒိန်ချဉ်နဲ့ သခွားသီးကိုရောကာ အနှစ်ပြုလုပ်ပြီးပေါင်းတင်ပေးခြင်းဖြင့်လည်း မျက်နှာပေါ်ရှိမှိုပိုးနဲ့ ဘက်တီးရီးယားပိုးတွေ ကိုသေစေနိုင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ တင်းတိပ်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

၄။ Clay Masks (ရွံ့စေးသုံးမျက်နှာပေါင်းတင်ကပ်ခွာ)
Clay masks ဟာ ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် အရေပြားရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးအသားအရေကို ကြည်လင်စေပါတယ်။

၇။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ
အသားအရေခြောက်သွေ့တာ၊ အဖုအပိန့်များထွက်ပေါ်လာတာဟာ သင်စားသုံးတဲ့အစားအစာတွေ အပေါ်မှာ လည်းများစွာမူတည်နေပါတယ်။ အဆီများလွန်းတဲ့အစားအစာ၊ အစပ်များလွန်းတဲ့ အစားအစာတွေနဲ့ ငပိရည်တို့ဟာ ဝက်ခြံထွက်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

CRD


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။