Trending Now

မိုးညှင်းမြို့အဝင်တွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိ

Spread the love

မိုးညှင်းမြို့အဝင်တွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိ

EPN
မိုးညှင်း ဧပြီ ၁၁

ကချင်ပြည်နယ် မိုးညှင်းမြို့ အဝင် နန့်ပုတ်ကျေးရွာထိပ်ပြည်ထောင်စုလမ်းမပေါ်တွင် မူးယစ်ဆေးဝါးသ
တင်းအရ စောင့်ဆိုင်းရှာဖွေစဉ် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဥ်မှာ ဧပြီလ (၁၀)ရက်နေ့ ညနေ(၅)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃)မှ ရဲအုပ် မျိုးသက်ထွန်းနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာထိပ် အောင်မြင်သစ် စက်သုံးဆီဆိုင်ရှေ့ ပြည်ထောင်စုလမ်းမပေါ်တွင် စောင့်ဆိုင်းစစ်‌ေဆး‌ေနစဉ် ဇော်ထက်နိုင် မောင်းနှင်ပြီး ထွန်းဝင်း(ခ)အငယ်လေးလိုက်ပါလာသော CANDA 125 အနက်ရောင်ဆိုင်ကယ်အား တားဆီးစစ်ဆေးရာ မူးယစ်ဆေးများတွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါနှစ်ဦးကို စစ်ဆေးရှာဖွေရာ ထွန်းဝင်း(ခ)အငယ်လေး ဝတ်ဆင်ထားသော CLASSIS FASHION တံဆိပ်ပါ အနက်ရောင် အနွေးထည်လက်ရှည်အင်္ကျီ၏ ရှေ့ဘက် အောက်အိပ်ကပ်အတွင်းမှ အဖြူရောင်ကြွပ်ကြွပ်အိတ်အပိုင်းအစအတွင်း အပြာရောင်ကပ်ခွါအိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော 88/1 စာတန်းပါ နီညိုရောင်ဆေးပြား (၁၂၀)ပြားပါတစ်ထုပ်နှင့် အဖြူရောင် ပလပ်စတစ်ကော်ဗူးထဲမှ ဘိန်းဖြူဟူယူဆရသော ဖြူ/ဝါ စပ်ကြားအမှုန့် (0.3)ဂရမ်ပါတစ်ဗူးတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ် မျိုးသက်ထွန်းက သက်သေခံ ပစ္စည်းများအား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းဝင်း(ခ)အငယ်လေး(၂၈)နှစ် (ဘ)ဦးအိုက်ပေါင်း ကန်တော်ကုန်းရပ်ကွက် မိုးညှင်းမြို့နေထိုင်သူနှင့် ဇော်ထက်နိုင်(၂၅)နှစ် (ဘ)ဦးမင်းနိုင် မိုးဒါးစုရပ်ကွက် မိုးညှင်းမြို့နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ)၅၉/၂၀၂၀ ၊ ပုဒ်မ-၁၉(က)/၂၁ ဖြင့်အမှုရေးဖွင့်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။