Trending Now

မြန်မာဗိုလ်ချုပ်တွေကို ဂျာမနီနိုင်ငံမှာ တရားစွဲထားတယ်လို့ ဆို

Spread the love

မြန်မာဗိုလ်ချုပ်တွေကို ဂျာမနီနိုင်ငံမှာ တရားစွဲထားတယ်လို့ ဆို

EPN

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

လူအခွင့်အရေးအဖွဲ့တစ်ခုနဲ့ မြန်မာနိုင်ငံကလူ ၁၆ ဦးတို့က မြန်မာဗိုလ်ချုပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂျာမနီနိုင်ငံမှာ တရားစွဲဆိုထားတယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေကို စစ်ရာဇဝတ်မှု၊ မွတ်ဆလင် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဂျာမနီနိုင်ငံမှာ သောကြာနေ့က တိုင်ကြားချက်တစ်စောင် တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်္ဂါနေ့က ကြေညာခဲ့တဲ့ Fortify Rights လူအခွင့်အရေးအဖွဲ့က ” ဒီနှစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တာဝန်ခံမှု မရှိသေးပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

တိုင်းကြားချက်တင်သွင်းထားတဲ့ ဂျာမနီနိုင်ငံရှိ ဗဟိုအစိုးရရှေ့နေရုံး ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ အေပီက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးနေပြီး ကမ္ဘာ့တရားရုံးလို့ ခေါ်တဲ့ နိုင်ငံတကာ တရားမျှတမှု တရားရုံးမှာ လူမျိုးတုံး သတ်ဖြတ်မှု ကိစ္စတွေကိုလည်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံအပြင် အာဂျင်တီးနား နဲ့ တူရကီ တရားရုံးတွေမှာလည်း မြန်မာဗိုလ်ချုပ်တွေကို အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရားအရ တရားစွဲဆိုခွင့်တွေ တင်သွင်းထားတယ်လို့ ဖော်ပြထားပါတယ။်

— ကိုးကား —
AP
Ref; Rights group files suit in Germany against Myanmar military

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။