Trending Now

သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူး ကလေးငယ်များနှင့် ဆရာ/ ဆရာမများအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ အလှူငွေနှင့် အာဟာရ ကျွေးမွေး

Spread the love

သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူး ကလေးငယ်များနှင့် ဆရာ/ ဆရာမများအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ အလှူငွေနှင့် အာဟာရ ကျွေးမွေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၉ (၂၀၂၄)

မြစ်ကြီးနားမြို၊ ရွှေညောင်ပင်ရပ်ကွက်ရှိ သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင် ကျောင်းတိုက်တွင် မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုမှ ဓမ္မစကူးကလေးငယ် ၃၅၀ဦးနှင့် ဆရာ/ ဆရာမများအား အလှူ‌ငွေနှင့် အာဟာရဒါနအဖြစ် ကချင်ဒံပေါက် လှူဒါန်းမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်တွင် ဓမ္မစကူးတက်ရောက်သင်ကြားနေသည့် ကလေးငယ်များနှင့် မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော်တို့မှ (၈)မိနစ်တာ တရားထိုင်ခဲ့ပြီး၊ မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော်မှ ကလေးသူငယ်များကို ဆုံးမဩဝါဒများ ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဓမ္မစကူးတက်ရောက်သင်ကြားနေသည့် ကလေးငယ်များအာဟာရဒါနအဖြစ် ကချင်ဒံပေါက်ဖြင့် ကျွေးမွေးခဲ့ပြီး၊ ဓမ္မစကူးကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာ/ ဆရာမ (၂၅)ဦးအား မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးမောင်ကျော်မှ တစ်ဦးလျင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း (၇၅၀၀၀၀)ကျပ်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးသင်တန်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် အာဟာရဒါန ကျွေးမွေးခဲ့ခြင်းနှင့် ဓမ္မစကူး ဆရာ၊ ဆရာမများကို ထောက်ပံ့ပေးအပ်ခဲ့သည့် မြစ်ကြီးနားဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော် မိသားစုကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူးသင်တန်းကို (၂၀၁၄)ခုနှစ်မှ  စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်သောသင်တန်းကို ဇွန်လ ပထမအပတ်မှ စတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ KG တန်းမှစ၍ Grade – 9 အထိ ကျောင်းသား၊ ကျောင်းသူ ၃၅၀ဦးကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် သုဝဏ္ဏ‌ဗောဓိ ရွှေညောင်ပင်ကျောင်းတိုက်ရှိ ဓမ္မစကူးသင်တန်းပိတ်ပွဲကိုလည်း ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကလေးငယ်များအတွက် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ကာ အလှူရှင်များမှလည်း နိဗ္ဗာန်ဈေးပွဲတော်ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။