Trending Now

ခင်ပွန်းကတုတ်ဖြင့်ရိုက်၍ ဇနီးဖြစ်သူသေဆုံးကာ ခင်ပွန်းထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ

Spread the love

ခင်ပွန်းကတုတ်ဖြင့်ရိုက်၍ ဇနီးဖြစ်သူသေဆုံးကာ ခင်ပွန်းထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ

EPN
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက်ပိုင်းက ခင်ပွန်းက တုတ်ဖြင့်ရိုက်၍ ဇနီးဖြစ်သူ သေဆုံးသွားခဲ့ကာ ခင်ပွန်းထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းနေ့၊ နံနက် ၇ နာရီကျော်ခန့်က ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟွယ် (၂)ကျေးရွာနေ ဒေါ်ပါမွှေးသည် နေအိမ်လှေခါးတွင် ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် လဲနေကြောင်း သတင်းအရ ၎င်း၏သမီးဖြစ်သူမှ သွားရောက်ကြည့်ရှုရာ ဒေါ်ပါမွှေးမှာ ဦးခေါင်းဘယ်ဘက်ခြမ်းတွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ (၃)ချက် ရရှိထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဒေါ်ပါမွှေး၏ ပြောကြားချက်အရ ခင်ပွန်းဖြစ်သူ ဦးမောရှေ (၅၅)နှစ်က တုတ်ဖြင့်ရိုက်ခဲ့၍ ဒဏ်ရာရရှိထားခြင်းဖြစ်ကာ ခင်ပွန်းဖြစ်သူမှာလည်း ထွက်ပြေးသွားသည်ဟု သိရှိရပြီး ဒေါ်ပါမွှေးသည် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ရရှိထားသော ဒဏ်ရာများအား ဆေးကုသမှုခံယူလျက်ရှိရာမှ နေ့လည် ၁ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ခဲ့သည့် ဦးမောရှေအား အမှုဖွင့်၍ ဖမ်း ဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။