Trending Now

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် လွှတ်ပေးသည့် အကျဉ်းသားများထဲမှဟင်္သာတ ထောင်က တရားလွှတ်တော် ရှေ့နေအမျိုးသမီးတစ်ဦး အပါအဝင် ၁၂၀ဦးပြန်လွတ်လာ

Spread the love

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် လွှတ်ပေးသည့် အကျဉ်းသားများထဲမှဟင်္သာတ ထောင်က တရားလွှတ်တော် ရှေ့နေအမျိုးသမီးတစ်ဦး အပါအဝင် ၁၂၀ဦးပြန်လွတ်လာ

EPN
ဟင်္သာတ၊ ဇန်နဝါရီ ၇

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတအကျဉ်းထောင် တွင် ၇၅ ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့်
လွှတ်ပေးသည့် အကျဉ်းသားများထဲတွင်အမျိုးသမီးရှေ့နေ နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအဝင်အကျဉ်းသား ၁၂၀ ဦးပြန်လွတ်လာကြောင်း အကျဉ်းထောင် အသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က ကျရောက်ခဲ့သည့် (၇၅ ) ကြိမ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်လွှတ်ပေးသည့်အကျဉ်းသားများထဲတွင်ဟင်္သာတမြို့ ဟင်္သာတ အကျဉ်းထောင်မှ ပုဒ်မ ၅၀၅ (က)ဖြင့် ထောင် ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး တရားလွှတ်တော်ရှေ့နေ၊ဒေါ်ဧရာလင်းထွန်း အပါအဝင် စုစုပေါင်းအကျဉ်းသား အကျဉ်းသူ ၁၂၀ ဦးပြန် လွတ်လာခြင်း ဖြစ်သည်။

အဆိုပါ ပြန်လွတ်လာသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၃ ဦးနှင့်အခြား ပြစ်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြန်လွတ်လာသူ ၈၇ ဦး စုစုပေါင်း ၁၂၀ ဦးဖြစ်ကာ အမျိုးသမီး အကျဉ်းသူ ၁၂ ဦးပြန်လွတ်သည့်အထဲတွင်ပါဝင်သည်ဟု အကျဉ်းထောင် အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

”လွတ်လပ်ရေး အထိမ်းအမှတ်နဲ့ ပြန်လွတ်တဲ့ အကျဉ်းသားတွေထဲမှာ ဟင်္သာတက အကျဉ်းထောင်က အကျဉ်း သား ၁၂၀ ဦးပါတယ်၊ အားလုံးကျန်းမာကြပါတယ်၊ထူးခြားတာက ဆင်းရဲနွမ်းပါးတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွတ်တော် ရှေ့နေတစ်ဦး ဖြစ်တဲ့ ဒေါ်ဧရာလင်းထွန်းလည်း ပြန်လွတ်လာတယ်၊ ရှေ့နေအမျိုးသမီးက ၅၀၅ က နဲ့ထောင် ၂ နှစ်ချခံထားရတာ၊ သူနဲ့အတူအမျိုးသမီး၁၂ဦးလည်းပြန်လွတ်လာတယ် ။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပြန်လွတ်လာသည့် အကျဉ်းသား ၁၂၀ ဦးတွင် ဟင်္သာခရိုင်အတွင်းက မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ထူးကြီးမြို့တို့မှ ပြန်လွတ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဟင်္သာတမြို့၊ ဟင်္သာတ အကျဉ်းထောင်တွင် နိုင်ငံရေးအသားများ အပါအဝင် အကျဉ်းသား အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ဦးရေ ၁၁၀ ကျော်အထိကျန် ရှိနေသေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။