Trending Now

ပုဂ္ဂိုလ်ရေးအရလွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်းကွဲပြားမှုများကိုဖြစ်ပေါ်စေနိုင်ပြီး အမျိုးသားစည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေဟု နစကဥက္ကဋ္ဌပြောကြား

Spread the love

ပုဂ္ဂိုလ်ရေးအရလွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်းကွဲပြားမှုများကိုဖြစ်ပေါ်စေနိုင်ပြီး အမျိုးသားစည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေဟု နစကဥက္ကဋ္ဌပြောကြား

EPN
နေပြည်တော်၊ ဇန်နဝါရီ ၅

ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်း အောင်လှိုင် ပြောကြားခဲ့သည်။

“တိုင်းရင်းသားပြည်သူအားလုံးဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးလည်းကောင်း၊ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးလည်းကောင်း ဘယ်လို ပင်အယူအဆကွဲပြားနေကြသော်လည်း မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့လို အပ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်းဆောင်ရွက်ရသကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါတယ်။ မိမိနဲ့ အယူအဆ၊ ဆန္ဒမကိုက်ညီသူကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြား ဆက်ဆံခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝကိုက်ညီမှုမရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်းဟာလည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

မိမိတို့အစိုးရအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက် စသည့် ဒေသတွင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများ၊ အခြားကမ္ဘာ့နိုင်ငံများနှင့်လည်း နိုင်ငံတကာ ဥပဒေများ၊ ပဋိဉာဉ်များ၊ သဘော တူညီချက်များနှင့်အညီ ဆက်သွယ်ဆက်ဆံ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်လိုသည့် အချို့အဖွဲ့အစည်းများ၊ နိုင်ငံများ၏ စွက်ဖက်မှု၊ နှောင့်ယှက်လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ မိမိတို့အနေနှင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်ပြီး ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ရပ်တည်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ် ရပ်တည်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

တိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏အခွင့်အရေးများ နစ်နာမှုများကို ဥပဒေပြုရေးကဏ္ဍတွင် အမြင့်ဆုံးဖြစ် သည့် လွှတ်တော်တွင် တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြု(PR)စနစ်ဖြင့် ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံ ရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း၊ လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပူးပေါင်း ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။