Trending Now

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မသန်စွမ်း မဲဆန္ဒရှင် ဦးရေ ၁၈၀၀ ကျော်ရှိ

Spread the love

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မသန်စွမ်း မဲဆန္ဒရှင် ဦးရေ ၁၈၀၀ ကျော်ရှိ

EPN
မြစ်ကြီးနား၊ ဇွန် ၁၇

ကချင်ပြည်နယ်အတွင်း လာမည့် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော မသန်စွမ်း မဲဆန္ဒရှင် ၁၈၀၀ကျော် ရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

အဆိုပါ မသန်စွမ်းသူများအနေဖြင့် ရွေးကောက်ပွဲ၌ မဲထည့်နိုင်ရန်အတွက် ဥပဒေမှာ ဖေါ်ပြထားည့် အတိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ ကောက်ခံရရှိထားသည့် စာရင်းအရ မဲထည့်နိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်ဦးရေ ၁၈၀၀ ကျော်ရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

“မသန်စွမ်းတွေ အဆင်ပြေပြေမဲပေးနိုင်ဖို့အတွက် ဥပဒေက ပေးထားတဲ့ အခွင့်ရေးလည်းရှိတယ်၊ နောက်ပြီးတော့မှ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေ မဲရုံတွေမှာပြင်ဆင်ဆောင်ရွက် ပေးရမယ့် ဟာတွေလည်း ရှိတယ်၊ အဲ့တော့ ကျနော်တို့က ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ကျနော်တို့ ကော်မရှင် အဖွဲ့ခွဲတွေကနေ ကောင်းကောင်းမွန်မွန် အဆင်ပြေပြေ မဲပေးနိုင်ရန်အတွက် မဲရုံတွေ၊ ဆောက်လုပ်တဲ့ အချိန်ကျရင် သူတို့အတွက် အဆင်ပြေစေဖို့အတွက် ဥပဒေပါအရ ထည့်သွင်း ဆောင်ရွက် ပေးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မသန်စွမ်း မဲဆန္ဒရှင်များ အမျိုးအစားအလိုက် ကိုယ်စားမဲပေးနိုင်သလို မဲရုံသို့ မလာ ရောက်နိုင်သော မဲဆန္ဒရှင်များအနေဖြင့်လည်း ကြိုတင်မဲပေးနိုင်ရေးများ ပြုလုပ်နိုင်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အတွက်လည်း ကြိုတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မသန်စွမ်း မဲဆန္ဒရှင်တစ်ဦးက မဲရုံမှာ လာပေးချင်တယ်ဆိုလည်း သူကပေးလို့ရတယ်၊ ဒါမှမဟုတ် သူက လာမပေးနိုင်လို့ ကြိုတင်မဲပေးချင်တယ်ဆိုလည်း ပေးလို့ရတယ်၊ အဲ့လိုကြို တင်မဲပေး တဲ့ နေရာမှာ ကျနော်တို့က သူ့အိမ်မှာဘဲ နေပြီးတော့မှ ကြိုတင်မဲပေးချင်တယ်ဆိုလည်း ကျနော်တို့က ရပ်ကွက်ကော်မရှင်က သတ်မှတ်တဲ့ကာလမှာ (၂)ဦး စေလွတ်ပြီးတော့ သွားပြီးကြိုတင်မဲကို အိမ်တိုင်ရာ ရောက်သွားပြီးယူပေးလို့ ရတယ် ဒီလိုမျိုးတောင်းဆိုခွင့်ရှိတယ်” ဟု ဦးထွန်းအောင်ခိုင် က ပြောသည်။

ကချင်ပြည်နယ်အတွင်း မသန်စွမ်းသူဦးရေး ၁၈၀၀ ကျော်အနက် မသန်စွမ်းသူ အများဆုံးမှာ ဗန်းမော်ခရိုင်၊ ဒုတိယအများဆုံး မိုးညှင်းခရိုင်၊ တတိယ အများဆုံးမှာ မြစ်ကြီးနားခရိုင်တို့ဖြစ်ပြီး အနည်းဆုံးမှာ ပူတာအိုခရိုင်ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် စာရင်းများ အရ သိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာ အနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ကောက်ခံရရှိရာ လက်ရှိအထိ ၁၀ သိန်းကျော် ကောက်ခံရရှိထားပြီး ယင်းမဲ ဆန္ဒရှင် စာရင်းများသည် လစဉ် အပြောင်းအလဲရှိကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။