Trending Now

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ငွေကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ငွေကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ငွေကျပ်သိန်း ၃၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့်အတူ အမျိုးသမီးတစ်ဦးအား ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်ထားသည်။

ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း ၉နာရီ ခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)နေ မဟောင်ကွေ့ချိန် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၀၀)၊ ဘိန်းဖြူအလေးချိန် ၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄.၅ သိန်း)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဟောင်ကွေ့ချိန်(၂၃)နှစ်အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်တူ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။