Trending Now

ဖားကန့်မြို့နယ်တွင် ဆိုင်ကယ် ဂွကြားအတွင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးထံမှ ကျပ် သိန်း ၂၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်တွင် ဆိုင်ကယ် ဂွကြားအတွင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးထံမှ ကျပ် သိန်း ၂၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား၊စက်တင်ဘာ ၁၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီးတွင် ဆိုင်ကယ် ဂွကြားအတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင် မောင်းနှင်လာသူတစ်ဦးကို စက်တင်ဘာလ ၈ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအနီးတွင် ထွန်းအောင်သိန်း စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၁ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပက်သက်၍ ဦးထွန်းအောင်သိန်း(၅၅)နှစ်အား ဖားကန့် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။