Trending Now

မြစ်ကြီးနားအေးမြသာယာအဆင့်မြင့်ဈေး၌ လူသုံးကုန်သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်

Spread the love

မြစ်ကြီးနားအေးမြသာယာအဆင့်မြင့်ဈေး၌ လူသုံးကုန်သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်

EPN
မြစ်ကြီးနား၊မေ ၁၀

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြစ်ကြီးနားမြို့အေးမြသာယာ ရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေး တွင် မေလ ၁၅ရက်နေ့မှ ၂၀ရက်နေ့အထိ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေးမြသာယာဈေးအတွင်း ဈေးသူဈေးသားများ၏ တောင်ဆိုချက်အရ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ၅ရက်တာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အဆင်ပြေစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ဈေးသူဈေးသား(၂၆)ဦး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပို့ချပေးဖို့ တောင်းဆိုချက်အရ မေ ၁၆ မှ ၂၀ ရက်နေ့အထိ ဈေး အပေါ်ထပ်၃လွှာ C ရုံ 3D (ဒစ်ဂျစ်တယ်ရုပ်ရှင်ရုံ)အနီးတွင် ဖွင့်လှစ်ပို့ချ‌ပေးမယ်သင်တန်းမှာ ဆပ်ပြာခရင်(မ်)၊ Coffee Scrub၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ကြွေပြားသန့်စင်ဆေးရည်နှင့် ၊HandGel ပါ(၁၀)မျိုး အပြင် ဈေးသူဈေးသားများ ထုတ်လုပ်ရောင်းချ လိုတဲ့ ပစ္စည်းအမယ်များကို အေးမြသာယာဈေး ကော်မတီဘတ်ဂျက်ဖြင့် သင်ကြားပေးမှာဖြစ်တယ် “ဟု၎င်းပြောသည်။

အဆိုပါသင်တန်းကို ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ နည်းပြ သုတေသန-၄ ဦး နှင့် နည်းပြအကူ တို့မှ စာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀% ဖြင့် အတတ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်၊ကျေးရွာတို့တွင် ကချင်ပြည်နယ်အသေးစားစက်မှု လက်ဦးစီးဌာနမှ သက်ဆိုင်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင်ပူးပေါင်း၍ ဒေသခံပြည်သူများ ဝင်ငွေတိုးရရှိစေရန် လူသုံးကုန်ပစ္စည်းများ၊စက်မှုလက်မှုနည်းပညာများကို စဉ်ဆက်မပြတ် သင်တန်းပို့ချပေးနေကြာင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။