Trending Now

ကိုရိုနာကြောင့် ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများ ကျင်းပခြင်းကိုပြောင်းလဲမည်မဟုတ်

Spread the love

ကိုရိုနာကြောင့် ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများ ကျင်းပခြင်းကိုပြောင်းလဲမည်မဟုတ်
 

EPN
ရန်ကုန်၊ မတ်၂၀

ကိုရိုနာဗိုငိးရပ်စ်ကူးစက်မှုဖြစ်ပေါ်နေသော်လည်း ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများ ကျင်းပခြင်းကိုပြောင်းလဲမည်မဟုတ်ပဲ မူလကြေညာထားသည့်ရက်တွင်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တကမ္ဘာလုံးအတိုင်းအတာဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID -19 ကြောင့် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ပြုလုပ်ရန်စီစဉ်ထားသည့် အခန်းအနားများ၊ သင်တန်းများ၊ ပွဲလမ်းသဘင်များ၊ ပြုလုပ်ဆဲ ပွဲလမ်းအစီအစဉ်များကို ရွှေ့ဆိုင်းခြင်း ယာယီရပ်နားခြင်း ဖျက်သိမ်းခြင်းများ ပြုလုပ်လျက်ရှိသည်။

“အခုထိတော့ စာမေးပွဲကျင်းပမယ့်ရက်ကို ကြေညာထားတဲ့အတိုင်းကျင်းပမယ်၊ ပြောင်းလဲမှုမရှိသေးဘူးလို့ သိရတယ်”ဟု သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးအောင်ဆန်းဝင်းကပြောသည်။

ဓမ္မာစရိယစာမေးပွဲများကို မတ် ၂၃ ရက်မှ ဧပြီ ၁ ရက်အထိကျင်းပမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲများကို မတ် ၃၀ ရက်မှ ဧပြီ ၅ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကထုတ်ပြန်ထားသည်။

မူလကြေညာထားငည့်အတိုင်း စာမေးပွဲများကျင်ပမည်ဖြစ်၍ COVID -19 ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများဖြစ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနညှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းကဆက်လက်ပြော သည်။

ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ် မတ်လနောက်ဆုံးပတ်မှ ဧပြီလဆန်းအထိကျင်းပပြီး ပထမအကြီးတန်း ၇ ဘာသာ၊ ပထမအလတ်တန်း ၆ ဘာသာ၊ ပထမအငယ်တန်း ၅ ဘာသာ၊ အခြေပြုမူလတန်း ၄ ဘာသာဖြေဆိုရပြီး တဘာသာလျင် တစ်ရက်နှုန်းဖြင့် တစ်နိုင်ငံလုံးရှိ ခွင့်ပြု စာဖြေဌာန ၂၃၉ ခုတွင် တပြိုင်တည်းကျင်းပကြောင်းသိရသည်။

ဓမ္မာစရိယစာမေးပွဲတွင် ရိုးရိုးတန်း၊ မြန်မာဂုဏ်ထူးတန်းနှင့် ပါဠိဂုဏ်ထူးတန်းဟူ၍ သုံးမျိုးရှိပြီး ရိုးရိုးတန်း ကျမ်းရင်းသုံးကျမ်းကို ၆ ရက်၊ မြန်မာဂုဏ်ထူးတန်းကို ၁ ရက်၊ ပါဠိဂုဏ်ထူးတန်းကို ၂ ရက်နှင့် မြန်မာဂုဏ်ထူးတန်း ၁ ရက်၊ စုစုပေါင်း ၉ ရက်ဖြေဆိုရသည်။

ထို့ကြောင့် ဓမ္မာစရိယစာမေးပွဲကို နှစ်စဉ် မတ်လနောက်ဆုံးပတ်တွင် တစ်နိုင်ငံလုံးရှိ ခွင့်ပြု စာဖြေဌာန ၅၁ ခုတွင်တပြိုင်ထဲကျင်းပကြောင်း သိရသည်။

သွေးသစ်(ရန်ကုန်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။