Trending Now

ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

Spread the love

ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

EPN
ချောင်းဦး ၊ မတ် ၉

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေ ၁၀၀ ကျော်ခန့်ဟာ မတ် ၉ ရက် ၊ ဒီမနက် အစောပိုင်းက မီးရှို့ဖျက်ဆီးတာကို ခံလိုက်ရတယ်လို့ မီးဘေးသင့် ပြည်သူတွေဆီက သိရပါတယ်။

” ဒီမနက် ၁ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရပြီးနောက်ပိုင်း ရွာထဲက အိမ်တွေ မီးလောင်တော့တာပဲ ” လို့ ကံကြီးကုန်းရွာခံ မီးဘေးသင့် ပြည်သူတစ်ဦးက ပြောပါတယ်။

ကံကြီးကုန်းကျေးရွာ မီးဘေးသင့်တာနဲ့ ပတ်သက်လို့ ချောင်းဦးမြို့နယ် စီမံခန့်ခွဲရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက ” အများပြည်သူ အိပ်စက်အနားယူနေတဲ့အချိန်ကို အခွင့်ကောင်းရယူပြီး အကြမ်းဖက်သမားတွေက လူသတ်ဖို့ရွာထဲကို ဝင်လာတယ် ၊ ကင်းစောင့်နေတဲ့ ရွာသားတွေနဲ့ အကြမ်းဖက်အဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်သမားတွေက ရွာကို မီးရှို့ဖျက်ဆီးသွားတာပါ ” လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့ဆီက လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လောင်ချာ ၁ လက်၊ လက်လုပ်မိုင်းတွေ ၊ နဲ့ကျည်ဆံတွေကို ရွားသားတွေက သိမ်းဆည်းရမိလိုက်ပြီး ရွာခံလူတွေဘက်က ထိခိုက် သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။