Trending Now

ထိုင်းဘုရင်ကြီးက မိဖုရားသစ်တစ်ဦး တင်မြှောက်

Spread the love

ထိုင်းဘုရင်ကြီးက မိဖုရားသစ်တစ်ဦး တင်မြှောက် 
EPN
နိုင်ငံတကာ၊ မေ ၂
ထိုင်းဘုရင်ကြီး မဟာဝီဇီယ လောင်ကွန်းဟာ နန်းတက်ပွဲမတိုင်ခင် မိဖုရားသစ်တစ်ဦးတင်မြှောက်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြပါတယ်။ 
ထိုင်းဘုရင်ကြီးဟာ သူ့ရဲ့ကိုယ်ရံတော်အဖွဲ့ ဒုတိယအကြီးအကဲကို မိဖုရား အဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၆၆ နှစ်အ ရွယ်ရှိ ထိုင်းဘုရင်ကြီးဟာ အိမ်ထောင်သုံးဆက်နဲ့ ကွဲခဲ့ဖူးသူဖြစ်ပြီး သားသမီး ခုနစ်ဦး ရှိနေပါတယ်။ 
ထိုင်းဘုရင့် မိဖုရားသစ်အဖြစ် တင်မြှောက်ခံရသော စုသီတာဟာ ဘုရင်ကြီးနဲ့ နှစ်ပေါင်းများစွာကြာ မိတ်ဆွေအဖြစ် ရှိနေခဲ့ သူဖြစ်ပါတယ်။ ဘုရင်ကြီးဟာ လာမယ့် စနေနေ့မှာ ထိုင်းဘုရင်သစ်အဖြစ် တရားဝင်နန်းတက်ပွဲ ကျင်းပသွားမှာ လည်း ဖြစ်ပါတယ်။ 
ထိုင်းဘုရင်ကြီး မဟာဝီဇီယ လောင်ကွန်းဟာ ဖခင်ဖြစ်သူ နတ်ရွာစံသွားတဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်းကတည်းက ထိုင်းဘုရင်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
—————————————————-

EPN





 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။