Trending Now

အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တစ်ခုမှာ အဆောက်အဦးပြိုကျလို့ လူ ၃၅ ဦးသေဆုံး

Spread the love

အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တစ်ခုမှာ အဆောက်အဦးပြိုကျလို့ လူ ၃၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၃၁

အိန္ဒိယနိုင်ငံ ဘာသာရေးပွဲတော်တစ်ခုအတွင်း ရေတွင်းပျက်ကို ဖုံးအုပ်တည်ဆောက်ထားတဲ့ ကွန်ကရစ်ကြမ်းပြင် ပြိုကျလို့ လူပေါင်း ၃၅ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြေကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ မာဒီရာပါဒစ်ရှ် ပြယ်နယ် အလယ်ပိုင်းက အင်ဒို ဘုရားကျောင်းဝင်းအတွင်းမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တာ လို့ ရဲမင်းကြီး မာကရက်က ပြောပါတယ်။

ရာမာနတ်ဘုရားပွဲတော်အတွက် ဒေသခံ ဟိန္ဒူလူအုပ်ကြီးကဝတ်ပြုဆုတောင်းနေချိန်မှာ ရေတွင်းကို ပိတ်ဆို့ထားတဲ့ ကြမ်းပြင်က ပြိုကျသွားခဲ့တဲ့အတွက် ရေတွင်းပျက်ပေါ်မှာရှိနေတဲ့ လူပေါင်များစွာ ရေတွင်းထဲကို ပြုတ်ကျသွားခဲ့တာလို့ ဆိုပါတယ်။

အန္ဒိယစစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ရေတွင်းထဲကနေ သေဆုံးနေတဲ့ ရုပ်အလောင်း ၃၅ လောင်းကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးကို ကယ်ဆယ်ကာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဘုရားကျောင်းအာဏာပိုင်တွေက ရေတွင်းကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက အသုံးမပြုတော့တဲ့အတွက် ကွန်ဂရစ်လောင်းကာ ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ပွဲတော်နေ့မှာတော့ များပြားတဲ့ လူအုပ်ကြီးကြောင့် ဝန်မနိုင်ဘဲ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

စည်ပင်အာဏာပိုင်တွေက မလုံခြုံဘူးလို့ ယူဆရတဲ့အတွက် ရေတွင်းအဖုံးကို ဖယ်ရှားပေးဖို့ ဘုရားကျောင်းပိုင်ရှင်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ သတိပေးခဲ့ပေမယ့် ပိုင်ရှင်တွေက လျစ်လျှူခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆောက်လုပ်မှုညံ့ဖျင်းပြီး စည်းကမ်းလိုက်နာမှု အားနည်းတာကြောင့် အိန္ဒိယနိုင်ငံမှာ အဆောက်အအုံပြိုကျမှုအဖြစ်များပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဂူဂျာရတ်ပြည်နယ်အတွင်းက ရာစုနှစ်သက်တမ်းရှိ ကေဘယ်ကြိုးတံတား ပြိုကျလို့ လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။