Trending Now

ပူတာအိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးပိုစတာများကျေးရွာအရောက် ဖြန့်ဝေ

Spread the love

ပူတာအိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးပိုစတာများကျေးရွာအရောက် ဖြန့်ဝေ

EPN
ပူတာအို၊ မေ ၅

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးပိုစတာများ ကျေးရွာအရောက်ဖြန့်ဝေခြင်းကို မေ(၅)ရက် နံနက်ပိုင်းက ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေးပိုစတာများကို UNICEF နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းအသိပညာပေးပိုစတာများကို ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် ဦးဆောင်မှုဖြင့် ၀န်ထမ်းများက မြို့ နယ်အတွင်းရှိ မူလာအွန်ကျေးရွာ၊ ဇီအွန်ကျေးရွာ ၊ နောင်ခိုင်ကျေးရွာ ၊ ပင်စင်ကျေးရွာ ၊ ဆာရ်ခွမ်ဒမ်းကျေးရွာတို့ ကိုကွင်းဆင်းဖြန့်ဝေခဲ့ကြသည့်အပြင် မြို့ပေါ်ရပ်ကွက်ရှိ မြို့မယာယီပျံကျစေျးနှင့်လေယာဉ်ကွင်းယာယီပျံကျ စေျးသို့ သွားရောက်ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာနှင့်စေျးတာ၀န်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအသိပညာပေးပိုစတာများကို လူအသွားအလာလှုပ်ရှားမှုများ သောနေရာများနှင့်ကျေးရွာနေပြည်သူများကြည့်ရှုလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအတွင်း အများ ပြည်သူအလွယ်တကူ ဖတ်ရှုလေ့လာနိုင်သော နေရာများတွင် ပြသထားလျက်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ၀န်ထမ်းများက အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေး အသိပညာပေးပိုစတာများပါ အချက်အလက်များကို ပြည်သူများအားအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။