Trending Now

ဒိုမီနီကန်နိုင်ငံ သယံဇာတ ဝန်ကြီးအား အရင်းနှီးဆုံး သူငယ်ချင်းက ပစ်သတ်

Spread the love

ဒိုမီနီကန်နိုင်ငံ သယံဇာတ ဝန်ကြီးအား အရင်းနှီးဆုံး သူငယ်ချင်းက ပစ်သတ်

EPN
နိုင်ငံတကာ၊ ဇွန် ၇

ဒိုမီနီကန်သမ္မတနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး ဂျော်ဂျီ မယ်ရာ အား ၎င်း၏ ရုံးခန်းအတွင်း အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးက ပစ်သတ်ခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတော်တဆမှုအပြီးတွင် ပြစ်မှုကျူးလွန်သည့် ဝန်ကြီး၏ သူငယ်ချင်းဖြစ်သူ မီဂယ်ခရုဇ်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဂျော်ဂျီမယ်ရာ သည် သမ္မတဟောင်း၏ သားဖြစ်သလို ၂၀၂၀ ခုနှစ် ဇူလိုင်လမှ စတင်ပြီး လက်ရှိသမ္မတ၏ အုပ်ချုပ်ရေးပိုင်တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။

ယင်းနောက် ဂျော်ဂျီမယ်ရာ မိသားစုက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး “ကျွန်ုပ်တို့မိသားစုက ဒီလိုလုပ်ခဲ့တဲ့သူကို ခွင့်လွှတ်ပါတယ်။ Orlando ရဲ့ အကြီးမားဆုံးသော အမွေအနှစ်တစ်ခုကတော့ အာဃာတတွေ မထားဖို့ပါပဲ” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ဒိုမီနီကန်သမ္မတ Abinader က မစ္စတာ ဂျော်ဂျီ မယ်ရာ၏ မိသားစုအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သူငယ်ချင်းကောင်း သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

Source – bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။