Trending Now

ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ပေါက်

Spread the love

ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ပေါက်

EPN
မြစ်ကြီးနား၊ မတ် ၉

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ည ၈ နာရီဝန်ကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမော်မြို့ ကျန်းမာရေးဝန်ထမ်းအိမ်ယာအား PDF အဖွဲ့မှ ယမန်နေ့ ည ၈ နာရီကျော်အချိန်တွင် လက်လုပ်မိုင်းဖြင့်လာရောက် တိုက်ခိုက်ခဲ့ပြီး အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် အိမ်ယာအတွင်း ရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးခြင်း၊ မှန်တံခါး ၂၂ ချပ် မိုင်းစထိမှန်ပျက်စီးခြင်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။