Trending Now

ရဲစခန္း၌ လူေပ်ာက္တိုင္လာတိုင္ရာမွ သားျဖစ္ သူေသဆုံးေၾကာင္းသိရ

Spread the love

ရဲစခန္း၌ လူေပ်ာက္တိုင္လာတိုင္ရာမွ သားျဖစ္ သူေသဆုံးေၾကာင္းသိရ

EPN
ဗန္းေမာ္၊ ဧၿပီ ၃

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕ ၊ ၿမိဳ႕မရဲစခန္း၌ သားျဖစ္သူ ေပ်ာက္ဆုံးေန၍ မိခင္က လူေပ်ာက္ လာတိုင္ၾကားရာမွ သားျဖစ္သူသည္ ေသဆုံးမႈ ျဖစ္ပြားခဲ့သည္ကုိ သိ႐ွိရေၾကာင္း သိရသည္။
မိခင္ ေဒၚၾကည္ျပာသည္ သားျဖစ္သူေနအိမ္မွ လြန္ခဲ့သည့္ သုံးရက္ခန္႔က ေပ်ာက္ဆုံးသြားသျဖင့္ ယေန႔ ဧၿပီလ ၃ရက္ေန႔ က သက္ဆုိင္ရာရဲစခန္းသုိ႔ လူေပ်ာက္တုိင္ခ်က္ ဖြင့္ခဲ့ခ်ိန္တြင္ ရဲစခန္းမွ အမည္မသိေသဆုံးသူအမ်ိဳးသားအေလာင္းတစ္ေလာင္း၏ ဓါတ္ပုံအားျပသခ့ဲရာမွ ဓါတ္ပုံပါ ေသဆုံးသူမွာ ေပ်ာက္ဆုံးသူသားျဖစ္ေနေၾကာင္း သိ႐ွိခဲ့ရျခင္းျဖစ္သည္။

ဧျပီ ၂ ရက္ ေန ့ညေ န ၆ နာရီခန္႔က ၿမိဳ႕မစခန္းတြင္ ဒုရဲအုပ္ေအးေက်ာ္သည္ တာဝန္မွဴး ေဆာင္ ရြက္ေနစဥ္ ဗန္းေမာ္ၿမိဳ႕ ဟန္းတဲရပ္ကြက္ ကားႀကီးကြင္း ျပဳ လုပ္မည္ ့ေျမေနရာအနီး။ သုံးမိုင္ကြက္သစ္ႏွင့္ ခိုက်င္ ေက်းရြာ သြားလမ္းေဘးတြင္ အမည္မသိ အမ်ိဳသားတစ္ဦး ေသဆုံးေနေၾကာင္း သတင္းရ ရွိသျဖင့္ ရဲစခန္းမွဴး ဒုရဲမွဴးခင္ေမာင္ေငြႏွင့္ရဲတပ္ဖြဲ ့၀င္မ်ား၊  ခိုက်င္ေက်း ရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေဇာ္ထူးပါ (၃) ဦး တို ့ႏွင့္အတူ သြားေရာက္ၾကည့္ရွဳ စစ္ေဆး ခဲ့ၾကေၾကာင္း၊ ယင္းေသဆုံးသူမွာ ေနာက္ေက်ာဘက္တြင္ ထိုးသြင္းဒဏ္ရာ ၈ခ်က္၊ ယာဘက္ လည္ပင္းေအာက္တြင္ ထိုးသြင္း ဒဏ္ရာတစ္ ခ် က္၊ ဝဲဘက္ခ်ိဳင္းေအာက္တြင္ ထိုးသြင္း ဒဏ္ ရာ တစ္ခ်က္တုိ႔ကုိ ေတြ႔႐ွိခဲ့သည္ဟု ရဲတမ္းတြင္ေဖၚျပထားသည္။
ထုိ႔အျပင္ ယင္းေသဆုံးသူ အနီးမွ ဆိုင္ကယ္ေသာ ့တစ္ေခ်ာင္း၊ အသြား ၃ လက္မခြဲ ။ အရိုး ၅ လက္မ ။အရိုးအသြား ၈ လက္မ ခြဲ ရွိ သံလက္ကိုင္ပါ ဓါး ဦးခြ်န္ တစ္ေခ်ာင္း တို ့ကို ေတြ ့ရွိခ့ဲၾက၍ ရွာေဖြပုံျဖင့္သိမ္္းဆည္းခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံး သူအေလာင္းအား ဗန္းေမာ္ျပည္သူ ့ေဆးရုံျကီးသို ့ရဲေဆးစာႏွင့္အတူ ေပး ပို႔ခဲ့ၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္ ၍ ဒုရဲအုပ္ ေအးေက်ာ္ ကတရားလိုျပဳ လုပ္တိုင္တန္း ခ့ဲ သျဖင့္ ျမိဳ မရဲစခန္းက(ပ )၁၂၁/၂၀၁၉ ။ရာဇသတ္ျကီး ဥပေဒ ပုဒ္မ ၃၀၂ အရ အမွဳဖြင့္ ၍ ျပစ္မွဳ က်ဴးလြန္သူ ကိုအျမန္ဆုံး ဖမ္းဆီး ရမိ ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္းသိရသည္။

ေသဆုံးသူ လူငယ္မွာ ဗန္းေမာ္ျမိဳ ့ေပါက္ကုန္း ရပ္ကြက္ပညာ ့ရိပ္သာရပ္ေန ( ဦးဇာတု)ႏွင့္ ေဒၚျကည္ျပာ တို ့၏သား ေမာင္ကုလား(ခ )ေမာင္နိုင္လင္းထြန္း (၁၆ )ႏွစ္ျဖစ္ေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္
————————————————

ရဲစခန်း၌ လူပျောက်တိုင်လာတိုင်ရာမှ သားဖြစ် သူသေဆုံးကြောင်းသိရ

EPN
ဗန်းမော်၊ ဧပြီ ၃

ကချင်ပြည်နယ် ဗန်းမော်မြို့ ၊ မြို့မရဲစခန်း၌ သားဖြစ်သူ ပျောက်ဆုံးနေ၍ မိခင်က လူပျောက် လာတိုင်ကြားရာမှ သားဖြစ်သူသည် သေဆုံးမှု ဖြစ်ပွားခဲ့သည်ကို သိရှိရကြောင်း သိရသည်။
မိခင် ဒေါ်ကြည်ပြာသည် သားဖြစ်သူနေအိမ်မှ လွန်ခဲ့သည့် သုံးရက်ခန့်က ပျောက်ဆုံးသွားသဖြင့် ယနေ့ ဧပြီလ ၃ရက်နေ့ က သက်ဆိုင်ရာရဲစခန်းသို့ လူပျောက်တိုင်ချက် ဖွင့်ခဲ့ချိန်တွင် ရဲစခန်းမှ အမည်မသိသေဆုံးသူအမျိုးသားအလောင်းတစ်လောင်း၏ ဓါတ်ပုံအားပြသခဲ့ရာမှ ဓါတ်ပုံပါ သေဆုံးသူမှာ ပျောက်ဆုံးသူသားဖြစ်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

ဧပြီ ၂ ရက် နေ့ညေ န ၆ နာရီခန့်က မြို့မစခန်းတွင် ဒုရဲအုပ်အေးကျော်သည် တာဝန်မှူး ဆောင် ရွက်နေစဉ် ဗန်းမော်မြို့ ဟန်းတဲရပ်ကွက် ကားကြီးကွင်း ပြု လုပ်မည့်မြေနေရာအနီး။ သုံးမိုင်ကွက်သစ်နှင့် ခိုကျင် ကျေးရွာ သွားလမ်းဘေးတွင် အမည်မသိ အမျိုသားတစ်ဦး သေဆုံးနေကြောင်း သတင်းရ ရှိသဖြင့် ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ငွေနှင့်ရဲတပ်ဖွဲ့ဝင်များ၊  ခိုကျင်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထူးပါ (၃) ဦး တို့နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း၊ ယင်းသေဆုံးသူမှာ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ ၈ချက်၊ ယာဘက် လည်ပင်းအောက်တွင် ထိုးသွင်း ဒဏ်ရာတစ် ချ က်၊ ဝဲဘက်ချိုင်းအောက်တွင် ထိုးသွင်း ဒဏ် ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့သည်ဟု ရဲတမ်းတွင်ဖေါ်ပြထားသည်။
ထို့အပြင် ယင်းသေဆုံးသူ အနီးမှ ဆိုင်ကယ်သော့တစ်ချောင်း၊ အသွား ၃ လက်မခွဲ ။ အရိုး ၅ လက်မ ။အရိုးအသွား ၈ လက်မ ခွဲ ရှိ သံလက်ကိုင်ပါ ဓါး ဦးချွန် တစ်ချောင်း တို့ကို တွေ့ရှိခဲ့ကြ၍ ရှာဖွေပုံဖြင့်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံး သူအလောင်းအား ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ရဲဆေးစာနှင့်အတူ ပေး ပို့ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက် ၍ ဒုရဲအုပ် အေးကျော် ကတရားလိုပြု လုပ်တိုင်တန်း ခဲ့ သဖြင့် မြို မရဲစခန်းက(ပ )၁၂၁/၂၀၁၉ ။ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် ၍ ပြစ်မှု ကျူးလွန်သူ ကိုအမြန်ဆုံး ဖမ်းဆီး ရမိ ရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။

သေဆုံးသူ လူငယ်မှာ ဗန်းမော်မြို့ပေါက်ကုန်း ရပ်ကွက်ပညာ့ရိပ်သာရပ်နေ ( ဦးဇာတု)နှင့် ဒေါ်ကြည်ပြာ တို့၏သား မောင်ကုလား(ခ )မောင်နိုင်လင်းထွန်း (၁၆ )နှစ်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။