Trending Now

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ရှုတ်ချ ကြောင်း ပြင်သစ်နိုင်ငံဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Spread the love

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ရှုတ်ချ ကြောင်း ပြင်သစ်နိုင်ငံဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ ဧပြီ ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ရှုတ်ချ ကြောင်း ပြင်သစ်နိုင်ငံဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီ ၂၇ ရက်ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထပ်ဆင့်ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှုများပြုလုပ်ပြီးနောက် ဧပြီ ၂၇ ရက်တွင်ချမှတ်လိုက်သော ထောင်ဒဏ်ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံးရှုတ်ချလိုက်ကြောင်း၊ ဤဆုံးဖြတ်ချက်သည် မြန်မာတပ်မတော်အစိုးရက ဒီမိုကရေစီနည်း တကျ ရွေးကောက်တင်မြှောက်ခံထားခြင်း ခံရသောခေါင်းဆောင်များ၏ တရားဝင်မှုကို ပျက်ပြားစေရန်ကြိုးပမ်းမှုအသစ် တစ်ခုဖြစ်ပြီး မြန်မာပြည်သူလူထု၏ဆန္ဒနှင့် လုံးဝကွဲလွဲ နေကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ယခုကဲ့သို့ပြစ်ဒဏ်အသစ်ချမှတ်ခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းပြီးနောက် တပ်မတော်က ပြသခဲ့သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများကို မထီမဲ့မြင်ပြုခြင်း၏ နောက် ထပ်လက္ခဏာတစ်ရပ်ဖြစ်ကြောင်းလည်း ပြင်သစ်နိုင်ငံ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အတူ အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းနိုင်ရန် သက်ဆိုင်သူအားလုံးပါဝင်သော ဦးစွာပထမပါဝင်သည့် ဒီမိုကရေစီ အတိုက်အခံအင်အားစုများနှင့် နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ခြင်းဖြင့်သာ ဖြတ်သန်းနိုင်မည်ဟု ပြင်သစ်နိုင်ငံက ထောက်ပြလိုကြောင်းလည်း ထုတ်ပြန်မှုတွင်ပါရှိသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသော အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာလုံခြုံရေးတပ် ဖွဲ့များ၏ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထပ်မံတောင်းဆိုကြောင်း ပြင်သစ်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။