Trending Now

ပူတာအိုခရိုင်အတွင်းရှိ ပိုက်ချက်တင်ဒါများ လေလံတင်ရောင်းချ

Spread the love

ပူတာအိုခရိုင်အတွင်းရှိ ပိုက်ချက်တင်ဒါများ လေလံတင်ရောင်းချ

EPN
ပူတာအို၊ မေ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါး မျိုးပြုန်းတီးမှုကိုကာကွယ်တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက် ရန်၊ ပြည်နယ်မှရသင့်ရထိုက်သော အခွန်အခများရရှိစေရန်နှင့်ငါးလုပ်ငန်းများကို ဉပဒေနှင့်အညီ စီမံခန့်ခွဲ ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းပြုစေရန်ရည်ရွယ်၍ ပူတာအိုခရိုင်အတွင်းရှိ ပိုက်ချက်တင်ဒါများ လေလံ တင် ရောင်းချခြင်းအခမ်းအနားကို မေ(၂၆)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။

“ကိုဗစ်-၁၉ကာလမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်အရ အင်းသူကြီးများကို အခွန်အခ (၁၀)ရာခိုင်နှုန်းတိုးပြီးတော့ လေလံများကိုရောင်းချပေးနေတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီအခမ်းအနား တစ်ခု ထဲမဟုတ်ပဲနဲ့ ပြည်သူလူထုသိရှိအောင် ငါးမျိုးထိန်းသိမ်းတဲ့ရာသီမှာ တရားမဝင်ငါးဖမ်းခြင်း မပြုလုပ်ကြဖို့ဆိုတဲ့ Message (မေ့ဆေ့ပ်)တွေကိုပေးဖို့အတွက် ရည်ရွယ်ချက်နဲ့လုပ်ရတဲ့ အခမ်းအနား ဖြစ်ပါတယ်”ဟု ခရိုင်ငါး လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းကပြောကြားသည်။

၂၀၂၀-၂၀၂၁ခုနှစ် လုပ်ငန်းရာသီတွင် ပိုက်ချက်တင်ဒါများအား လေလံတင်ရောင်းချရန်အတွက် လုပ်ငန်း စီမံချက်များရေးဆွဲခဲ့သော်လည်း နိုင်ငံနှင့် အဝန်း ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးဆောင်ရွက်နေသည့် ကာလဖြစ်သည်နှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွန်ချက်ဖြင့် လေလံပိုက်ချက်များကို ယခင်နှစ် များထက်(၁၀)ရာခိုင်နှုန်းထပ်ဆောင်းပေးသွင်းစေခဲ့ကြောင်း၊ အဆိုပါရရှိသည့် အခွန်အခများကို ဘဏ္ဍာငွေ အဖြစ် ပေးသွင်းသွားမည်ဖြစ်ကြောင်း၊ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊မချမ်းဘော့မြို့နယ်များတွင် လေလံ ပိုက်ချက် လုပ်ကိုင်သူ(၁၀)ဦးရှိကြောင်းသိရသည်။

ထို့အပြင် ပိုက်ချက်လုပ်ကိုင်သူများမှတဆင့် ပြည်သူများသိရှိအောင် ငါးမျိုးထိန်းသိမ်းရေးရာသီ၊ တရား မဝင်ငါးဖမ်းဆီးခြင်းနှင့် ငါးမျိုးစိတ်အလိုက် ငါးအတက်အဆင်း မျိုးပွားရာဒေသများအကြောင်းကို သိရှိ စေရန် ခရိုင်ဦးစီးမှူးကပြောကြားခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။