Trending Now

ဖားကန့်မြို့နယ်ရှိ ရွှေဆိုင်တစ်ခုတွင် ရွှေဆွဲကြိုး (၂)ကုံး လုယက်ခံရ

Spread the love

ဖားကန့်မြို့နယ်ရှိ ရွှေဆိုင်တစ်ခုတွင် ရွှေဆွဲကြိုး (၂)ကုံး လုယက်ခံရ

EPN

မြစ်ကြီးနား ၊ မေလ ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာရှိ ရွှေဆိုင်တစ်ခုတွင် ယမန်နေ့ကရွှေဆွဲကြိုး ၂ ကုံး ၊ ကာလတန်ဖိုး သိန်း ၇၀ ကျော် လုယက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာယမန်နေ့ မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က လူငယ်တစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာကာ ရွှေဝယ်ယူရန် အယောင်ဆောင်ပြီး ယင်းဆိုင်ထဲမှ ရွှေ ဆွဲကြိုး စုစုပေါင်းအလေးချိန် ၃ ကျပ်သားခွဲ ကျော်ရှိကာ၊ ကာလ တန်ဖိုး သိန်း ၇၀ ခန့် ယုယက် ထွတ်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” ညနေ့ပိုင်းက လူလဲများတယ် ၊ သူက ဆိုင်ကယ်နဲ့ ရောက်လာပြီး ရွှေဝယ်မဲ့ပုံစံနဲ့ ရွှေဆွဲ ကြိုးတွေကြည့်တယ် အဲ့ဒါပြီးတော့ အတင်းပဲ လုယူပြီးထွတ်ပြေးသွားတာ ၊ အနီးအနားက လူတွေကလဲ လိုက်ကြပေမဲ့ မ မိလိုက်ဘူးပြောတယ်၊ လက်ရှိအချိန်ထိတော့ တရားခံမ မိသေးဘူး၊ သက်ဆိုင်ရာကိုလဲ တိုင်ကြားတာမျိုး မလုပ်သေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ လုယက်သူမှာ ဓားကိုင်ကာ ချိန်ခြောက် ထွတ်ပြေးသွားခဲ့ပြီး ယင်းဖြစ်စဥ်ကြောင့် ထိခိုက်မူ မရှိခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့နယ်အနေဖြင့် အလားတူ ရွှေဆိုင်လုယက်မူဖြစ်စဥ်များမှာ ဖြစ်ပွားလေ့မရှိသည့်သော်လည်းအများစုမှာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်သည့်ဖြစ်စဥ်များသာအများဆုံးဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။