Trending Now

လာမယ့်ရာသီမှာလည်း မန်ယူအသင်းမှာ ဆက်ရှိနေမယ့် ရိုနယ်ဒို

Spread the love

လာမယ့်ရာသီမှာလည်း မန်ယူအသင်းမှာ ဆက်ရှိနေမယ့် ရိုနယ်ဒို

EPN
အားကစား၊ မေ ၄

မန်ယူအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှုးဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ ရန်းဂ်နစ်က အတည်ပြုပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ရိုနယ်ဒိုဟာ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် လာမယ့် ဘောလုံးရာသီမှာလည်း ရိုနယ်ဒိုဟာ အသင်းမှာဆက်ရှိနေမယ်လို့ ယာယီနည်းပြအဖြစ် တာဝန်ယူထားတဲ့ ရက်ဖ် ရန်းဂ်နစ်က ပြောဆိုလိုက်တာပါ။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာ ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ဝန်းကျင်နဲပ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။

ရိုနယ်ဒိုဟာ ကစားသမားဘ၀ နောက်ဆုံးအချိန်ပိုင်းကို ရောက်ရှိနေပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းကို ထိမ်းသိမ်းထားနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားရာ သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူတစ်ဦးပါ။

ရိုနယ်ဒို ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် သူရဲ့ အသင်း မန်ချက်စတာ ယူနိုက်တက်ကတော့ ယခုနှစ်ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့သာ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရပြီး လာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို မရထားသလို ယူရိုပါလိဂ်ဝင်ခွင့် ရဖို့အတွက်တောင် ရုန်းကန်နေရပါတယ်။

ဒါ့ကြောင့် ကစားသမား ဘဝတစ်လျောက်လုံး ချန်ပီယံလိဂ်ကိုသာ ဝင်ရောက် ကစားခဲ့တဲ့ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက် ပေါ်လာခဲ့တာပါ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ရိုနယ်ဒိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးတာကြောင့် လာမယ့် ဘောလုံးရာသီမှာလည်း ရိုနယ်ဒိုဟာ အသင်းမှာ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

Source – mmsport

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။