Trending Now

မိုးကောင်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားရာမှ သွေးလွန်တုပ်ကွေးလက္ခဏာ အဆင့်သို့ ကူးပြောင်းမှုရှိလာ

Spread the love

မိုးကောင်းမြို့နယ်အတွင်း ရာသီတုပ်ကွေးဖြစ်ပွားရာမှ သွေးလွန်တုပ်ကွေးလက္ခဏာ အဆင့်သို့ ကူးပြောင်းမှုရှိလာ

EPN
မိုးကောင်း၊ ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အတွင်း၌ ကလေးလူကြီး အများစုတို့တွင် ရာသီတုပ်ကွေး ဖြစ်ပွားရာမှ သွေးလွန်တုပ်ကွေး လက္ခဏာအဆင့်သို့ကူ‌းပြောင်းလာသည့် လူနာများ ဖြစ်ပွားလာကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

မိုးကောင်းမြို့ပေါ် ရပ်ကွက်တချို့တွင် ရာသီတုပ်ကွေးဖြစ်ပွားရာမှ ကလေး၊လူကြီးတချို့ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာ အဆင့်သို့ ပြောင်းလဲဖြစ်ပွားလျက်ရှိလာကြောင်း မိုးကောင်းမြို့နေသူတစ်ဦးက ဆိုသည်။

” စဖြစ်တုန်းကတော့ ရာသီတုပ်ကွေးဖျားနာတာ လိုဖြစ်တာ။ တစ်ကိုယ်လုံးကိုက်ခဲတာမျိုးတွေ ဖြစ်ခဲ့တယ်။ သုံးလေးရက်လောက် ဆေးထိုးဆေးသောက် ဆေးခန်းပြခဲ့တယ် မသက်သာဘူး။ နောက်တော့ အကုန်စစ်ဆေးလိုက်္မှ သွေးလွန်တုပ်ကွေး လက္ခာပြလို့ ဆေးပြောင်းသောက်ပြီး ကုနေရတယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားမှုမရှိ‌ေစရန် မိုးကောင်းမြို့နယ် ကျန်းမာရေးမှူးဌာနမှ ဇွန်လဆန်းအတွင်းကစ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ခြင်ဆေးဖျန်းခြင်းတို့ကို ဒေသလူမှုကူညီရေး အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးမှူးက ရှင်းပြသည်။

” ကျွန်တော်တို့ မြို့နယ်ကျန်းမာရေးဌာနကနေ မေလကုန်လောက်ထဲကစပြီး မိုးကောင်းမြို့ပေါ် ရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေး မဖြစ်ပွားဖို့အတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ပေးနေပါတယ် ” ဟု ယင်းကပြောသည်။

မိုးကောင်းမြို့နယ်ကျန်းမာရေးဌာနမှ မိုးကောင်းမြို့ပေါ်ရှိ နတ်ကြီးကုန်း၊ ကျွန်းတော၊ မြို့ဦး၊ ဈေးကုန်း စသည့် ရပ်ကွက်ကျေးရွာ ဘက္တို့တွင် မြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးကဏ္ဍများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်း၌ ဇူလိုင်လနှင့် ဩဂုတ်လ အတွင်းတို့တွင် ရာသီတုပ်ကွေး ဖျားနာသူများ၊ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားခြင်းများ ရှိလာ၍ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတို့တွင် လာရောက်ကုသခံယူမှုရှိနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။