Trending Now

ART ဆေးဝယ်ယူရန် အစိုးရက အမေရိကန်ဒေါ်လာ ၁၆ သန်း ခွင့်ပြုထား

Spread the love

ART ဆေးဝယ်ယူရန် အစိုးရက အမေရိကန်ဒေါ်လာ ၁၆ သန်း ခွင့်ပြုထား

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၃

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနသို့ ART ဆေးနှင့် ဆေးဝါးများ ဝယ်ယူရန် အစိုးရက အမေရိကန်ဒေါ်လာ ၁၆ သန်း ခွင့်ပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် HIV/AIDS ထိန်းချုပ်ရေး လုပ်ငန်းများကို အမျိုးသားအဆင့် တုံ့ပြန်မှုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစိုးရ၏ ပံ့ပိုးကူညီမှု ရန်ပုံငွေသည် နှစ်စဉ် သိသိသာသာ တိုးလာသည်ဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၁၉၀,၀၀၀ ကျော်ကို ART ဖြင့် ကုသပေးလျက်ရှိပြီး ဝေဒနာရှင် ၉၀ ရာခိုင်နှုန်းခန့်သည် ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ ART စင်တာများတွင် ကုသမှုနှင့် စောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။