Trending Now

ပြည်နယ်အစိုးရ ရံပုံငွေဖြင့် တပ်ကုန်းရပ်ကွက် နှစ်ခြင်းဘုရားကျောင်းအဝင်လမ်းခင်းခြင်းနှင့်ကွန်ကရစ် တံတား တည်ဆောက်နေမှုအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ စစ်ဆေးမှုပြုလုပ်

Spread the love

ပြည်နယ်အစိုးရ ရံပုံငွေဖြင့် တပ်ကုန်းရပ်ကွက် နှစ်ခြင်းဘုရားကျောင်းအဝင်လမ်းခင်းခြင်းနှင့်ကွန်ကရစ် တံတား တည်ဆောက်နေမှုအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ စစ်ဆေးမှုပြုလုပ်
EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ပြည်နယ်အစိုးရ ရံပုံငွေဖြင့် နှစ်ခြင်းဘုရားကျောင်းအဝင် ကတ္တရာလမ်းခင်းခြင်းနှင့်ကွန်ကရစ် တံတား (၂)စင်းတည်ဆောက်နေမှုအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့ ညနေ ၄နာရီအချိန်က လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းရပ်ကွက် နှစ်ခြင်းဘုရားကျောင်းအဝင်လမ်းကိုပြည်နယ်အစိုးရ ရံပုံ ငွေကျပ်သန်း တစ်ထောင်ကျော်အကုန်ကျခံ ကတ္တရာလမ်း ခင်းခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ပေးနေမှုအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှမြေပြင်ကွင်းဆင်းပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရန်အတွက် မှာကြားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနေ့က ပြည်နယ်သယံဇာတရေးရာဝန်ကြီး က တပ်ကုန်းရပ်ကွက်က ကတ္တရာလမ်းခင်းနေမှုနဲ့ ကွန်ကရစ်တံတား (၂)စင်း တည်ဆောက်မှုကို စစ်ဆေးတယ် လမ်းအရှည်က ၃၄၀၀ပေ၊ လမ်းအကျယ်က ၁၄ပေ၊ ၉လက်မထု နဲ့ ကွန်ကရစ်တံတား (၂)စင်း ကုန်ကျငွေကျပ်သန်း (၁၁၅ ဒဿမ ၆၄) ပြည်နယ်အစိုးရရံပုံငွေနဲ့ပါ လမ်းတံတားကို သုံးနှစ်အာမခံလည်းဖြစ်တယ် တာဝန်ယူ ပြုလုပ်နေတဲ့ ကုမ္ပဏီက မြန်မာဝိလီယံ ကုမ္ပဏီဖြစ်တယ်” ၎င်းကဆိုသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးတိန့်ဆောင်မှ တပ်ကုန်းရပ်ကွက် ‌ပြည်သူများတောင်းဆိုတင်ပြထားသည့် တပ်ကုန်ရပ်ကွက်အတွင်းက နယ်မြေ (၉)နယ်မြေ (၁၁) နှင့် နယ်မြေ (၁၃)တို့က ကတ္တရာလမ်းခင်းရန်လိုအပ်နေသည့် လမ်းပိုင်းအား လာမည့် ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရံပုံဖြင့် ပြုလုပ်ထားသည့် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေး အတွက်ပြုလုပ်ထားသည့် ရှမ်းစုမြောက်ရပ်ကွက် မှာရှိတဲ့ ရေနုတ်မြောင်း ပေ ၈၀၀ ၃ပေ အကျယ်၊ အနက် ၃‌ပေ ရေနုတ်မြောင်းကို စစ်ဆေးခဲ့ပြီး အဆိုပါရေနုတ်မြောင်းကုန်ကျငွေ စုစုပေါင်း သိန်းနှစ်ရာကျော်ကုန်ကျခဲ့ကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။